Home
မြန်မာသတင်း
ရန်ကုန်တိုင်း ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည်ကို ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်
အာကာ
·
September 27, 2018
လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာအတွက် အငြိမ်းစား ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးကြည်ကို  စက်တင်ဘာ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကန့် ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်ဖို့  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာလ ၂၆ ရက်နေ့က လွှတ်တော်ကို အမည်စာရင်း တင်သွင်းခဲ့ပြီး ကန့်ကွက်လိုသူရှိပါက ကန့်ကွက်ကြဖို့ လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ခေါ်ထားတာပါ။ အခု အတည်ပြုခန့်အပ်လိုက်တဲ့ ဒေါ်ခင်မျိုးကြည်ဟာ ပြည်ထောင်စုရှေ့နေချုပ်ရိုးမှာ ညွှန်ကြားရေးမှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ဇွန်လကမှ အငြိမ်းစားယူခဲ့ သူဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးဟာ လက်ရှိမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုရင်ဆိုင်နေရပြီး စက်တင်ဘာလ ၁၄ ရက်နေ့က တာဝန်က ရပ်စဲခံထားရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024