Home
မြန်မာသတင်း
အောင်ဆန်းကွင်းဆိုင်ခန်းခဟာ ၁လကျပ် ၁၂၅၀၀ သာရရှိသဖြင့် တိုးမြှင့်ကောက်ရန်အကြံပြု
အာကာ
·
September 27, 2018
ရန်ကုန်မြို့လယ်ရှိ အောင်ဆန်းအားကစားကွင်း ဆိုင်ခန်းငှားရမ်းခတွေဟာ တလ ကျပ် ၁၂၀၀၀ ကျော်ပဲရှိနေလို့ တိုးမြှင့်ကောက်ခံပြီးကွင်းကို အဆင့်မီပြုပြင်ဖို့လိုနေတယ်လို့ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ ငွေစာရင်းကော်မတီတို့က အစီရင်ခံစာတွေ တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ဦးက ဆွေးနွေးခဲ့ကြပါတယ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းရဲ့ သာမန်ရငွေက ဆိုင်ခန်းမြေနေရာငှားရမ်းခ လျာထားချက်မှာ အောင်ဆန်းကွင်းရှိ ဆိုင်ခန်းပေါင်း ၃၂၁ခန်းအတွက် ကျပ်၄၈.၁၃၃သန်း ရရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စလင်းကွင်းရှိ ဆိုင်ခန်း၃၃ခန်းအတွက် ကျပ် ၂.၃၅၉သန်း၊ ပဒုမ္မာကွင်းရှိ ဆိုင်ခန်း၉၆ခန်းအတွက် ကျပ် ၁၅.၅၀၅သန်း ဖော်ပြထားပြီး  လျာထားချက်အရ အောင်ဆန်းကွင်းရဲ့ တစ်နှစ်အတွက် ဆိုင်ခန်းငှားရမ်းခဟာ တစ်လကျပ် ၁၂၅၀၀ လောက်ပဲရှိတယ်လို့  လွှတ်တော်အမတ် ဦးကျော်ဇေယျက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024