Home
မြန်မာသတင်း
အရက်ချက်စက်ရုံများကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲရန်ညွန်ကြား
ရန်နိုင်ဇော်ဝင်း
·
September 27, 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်းက အရက်ချက်စက်ရုံတွေကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီးထိခိုက်မှုအများဆုံး စက်မှုလုပ်ငန်း ၉ ခုကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီစဉ်ရေးဆွဲဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတာလို့ ဌာန တာဝန်ရှိသူ တဦးဖြစ်တဲ့ ဒေါ်ခင်သီတာတင်က ပြောပါတယ်။ “ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ဆိုတာဟာ ပတ်ဝန်းကျင်ထိခိုက်မှုအများဆုံးဖြစ်တဲ့ လုပ်ငန်း ၉ခုကို ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အစီအမံတွေကိုရေးဆွဲတဲ့အစီစဉ်ဖြစ်ပါတယ်။ ဒီအစီစဉ်ရေးဆွဲပြီး ဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုရယူပြီး လုပ်ငန်းလည်ပတ်ခွင့်ရမှာပါ။” အရက်နဲ့ ဘီယာလုပ်ငန်း၊ အဝတ်အထည်ဆေးဆိုးလုပ်ငန်း၊ သားရေစက်ရုံလုပ်ငန်း၊ ပျော့ဖတ်လုပ်ငန်းနဲ့ သကြားစက်ရုံလုပ်ငန်းတွေကို အစီရင်ခံစာရေးဆွဲဖို့ အချိန်ကာလ ၁၂လ သတ်မှတ်ထားပြီး အစားအစာ၊ ပိုးသတ်ဆေး၊ ဘိလပ်မြေစတဲ့ လုပ်ငန်းတွေကိုတော့ အချိန် ၉ လ သတ်မှတ်ပေးထားပါတယ်။ သတ်မှတ်အချိန်အတွင်းမရေးဆွဲရင်တော့ ဥပဒေအတိုင်း အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ အရက်ချက်စက်ရုံ ၈ ရုံရှိပြီးတော့ အစီစဉ်ရေးဆွဲဖို့ ကျန်နေသေးတဲ့ စက်ရုံတွေရှိပါသေးတယ်။ ရန်ကုန်တိုင်းထဲမှာ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး စက်ရုံပေါင်း ၅၀၀ ကျော်ရှိလို့ တခြား တိုင်းနဲ့ပြည်နယ်တွေ ထက်စာရင် ပတ်ဝန်ကြီးထိခိုက်မှု အများဆုံးတိုင်းဒေသကြီးဖြစ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024