မင်းကင်းမြို့အနီး ပြင်းအား ၄.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
September 27, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့အနီး ဒီကနေ့ မနက် ၈ နာရီကျော်လောက်က အင်းအားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း မိုးဇလ ဌာနက ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၄၉)မိနစ်၊ (၅၅)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် မိုင်(၅၀)ခန့် အကွာ မင်းကင်းမြို့ရဲ့ အနောက်တောင်ဘက်(၁၃)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် လှုပ်သွားတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၈ လကျော်ကာလအတွင်း ငလျင်အကြိမ် ၁၁၀ လှုပ်ခတ်ခဲ့ကာ ပြီးခဲ့တဲ့နှစ်တွေထက် အကြိမ်ရေ ပိုများလာတယ်လို့ မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနက ပြောပါတယ်။