ဝဲလ်ဘက်၊ လာကာဇက်တီတို့၏ သွင်းဂိုးများဖြင့် အာဆင်နယ်က ဘရန့်ဖို့ဒ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့က ယှဉ်ပြိုင်တဲ့ အင်္ဂလန်လိဂ်ဖလား (ကာရာဘောင်ဖလား) ပြိုင်ပွဲမှာ အာဆင်နယ်က ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဝဲလ်ဘက်၊ အိုင်ဝိုဘီ၊ မစ်ခီတာယန်း၊ အယ်လ်နန်နီ၊ မူစတာဖီ၊ မွန်ရီယယ် စတဲ့ အဓိက ကစားသမားတွေနဲ့ အရန်ကစားသမားတချို့တွဲပြီး ပွဲထွက်ခဲ့ပါတယ်။ ပွဲအစ ၅ မိနစ်နဲ့ ၃၇ မိနစ်မှာ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်က နှစ်ဂိုးသွင်းပြီး ပထမပိုင်းအပြီးမှာ အာဆင်နယ်က ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူနိုင်ခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာ ဘရန့်ဖို့ဒ်က ချေပဂိုး တဂိုး ပြန်သွင်းခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အာဆင်နယ်အတွက် လူစားဝင်တိုက်စစ်မှူး လာကာဇက်တီက တဂိုး ထပ်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် တက်ရောက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up