ချဲလ်ဆီးက လီဗာပူးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် လိဂ်ဖလား (ကာရာဘောင်ဖလား) ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ မနေ့ကယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဟာဇက်နဲ့ ကန်တေတို့ကို အရန်ခုန်မှာ ထိုင်ခိုင်းပြီး ဒုတိယပိုင်းမှ လူစားဝင် ကစားစေခဲ့သလို လီဗာပူးအသင်းကလည်း ဆာလက်၊ ဖာမီနိုတို့ကို ဒုတိယပိုင်းမှ လူစားလဲ ကစားခဲ့ပါတယ်။ လီဗာပူးအသင်းက ရှေ့တန်းမှာ မာနေး၊ စတာရစ်ခ်ျ၊ ရှာကွီရီ၊ အလယ်တန်းမှာ ကီတာ၊ ဖာဘင်ဟို၊ မီလ်နာ၊ နောက်တန်းမှာ မိုရီနို၊ မာတစ်၊ လိုဗရန်၊ ကလိုင်းနဲ့ ဂိုးသမားအဖြစ် မစ်ဂ်နိုလက်ကို အသုံးပြုခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကလည်း ဝီလျံ၊ မိုရာတာ၊ မော့ဆက်၊ ကိုဗာဆစ်၊ ဖာဘရီဂတ်စ်၊ ဘာ့ခ်လေ၊ အီမာဆန်၊ ကာဟေးလ်၊ ခရစ္စတန်ဆန်၊ အက်ဇ်ပီလီကျူတာနဲ့ ဂိုးသမားအဖြစ် ကာဘယ်လာရိုကို ပွဲထုတ်ခဲ့ပါတယ်။ နှစ်သင်း အပြန်အလှန် ကစားခဲ့ကြပြီး ဘောလုံးပိုင်ဆိုင်မှုမှာ ချဲလ်ဆီးက အသာစီးရခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ လီဗာပူးက အသာရခဲ့ပါတယ်။ ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ကြဘဲ ဦးဆောင်ဂိုးကို လီဗာပူးအသင်း သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်း ၅၈ မိနစ်မှာ တိုက်စစ်မှူး စတာရစ်ခ်ျက သွင်းယူပေးခဲ့တာပါ။ ချဲလ်ဆီးအသင်းက ဒုတိယပိုင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဟာဇက်နဲ့ ကန်တေးတို့ကို လူစားဝင်ကစားစေခဲ့ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုးကို ပွဲချိန် ၇၉ မိနစ်မှာ အီမာဆန်က သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၅ မိနစ်မှာ ဟာဇက်က သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် တက်ရောက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up