အိန္ဒိယကျောင်းများ၏ အာဟာရတိုက်ကျွေး၊ ကျန်းမာရေး အစီအစဉ်
DVB
·
August 15, 2012

‘ဗိုက်ဟောင်းလောင်းနဲ့တော့ နိုင်ငံမတည်နိုင်’ ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ အိန္ဒိယမှာတော့ ဗိုက်ဟောင်းလောင်းတင် မကပါဘူး။ ပညာမတတ်တဲ့ ကလေးတွေလည်း ရှိနေပါတယ်။
တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေပေမယ့် အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ထမင်းမ၀တဲ့ ကလေးတွေရဲ့ တိုင်းပြည်အဖြစ်လည်း နာမည်ကြီးလှပါတယ်။ ဒီလိုပဲ ပညာမတတ်တဲ့ ကလေးတွေကလည်း ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ ဒီ ၁၀ နှစ်အတွင်းမှာ အခြေအနေကို ပြောင်းလဲသွားဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ကြိုးပမ်းနေကြတာတွေရှိပါတယ်။ အက်ရှာ ပါတြာ အဖွဲ့ဟာ နေ့စဉ် ကလေးငယ်ပေါင်း ၁ ဒဿမ ၄ သန်းကို အခမဲ့ နေ့လယ်စာ အာဟာရတွေ ကျွေးမွေးနေပါတယ်။ အက်ရှာ ပါတြာရဲ့ ကျွေးမွေးနေးတဲ့ ကလေးအရေအတွက် အခုဆိုရင် သန်း ၁ ထောင် ပြည့်မြောက်တဲ့အတွက် အခမ်းအနားကျင်းပပါတယ်။
သတင်းထောက် ဂျက်စ်ဗင်ဒါ ဆာဂဲလ်က အခမ်းအနားကို သွားရောက်ပြီး သတင်းဆောင်းပါး ပေးပို့ ထားပါတယ်။