DVB Logo
Home
မြန်မာသတင်း
ကချင်ဒုက္ခသည်များ နေရပ်ပြန်ရန် တရုတ်အာဏာပိုင်များ တိုက်တွန်း
DVB
·
August 15, 2012
ကချင်ဒုက္ခသည်များ နေရပ်ပြန်ရန် တရုတ်အာဏာပိုင်များ တိုက်တွန်း
Donate to DVB

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြတဲ့ ကချင် စစ်ဘေးဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေ မရှိတော့တဲ့အတွက် နေရပ်ပြန်ကြဖို့ တရုတ် အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

တရုတ်တာဝန်ရှိသူတွေက ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်ကြဖို့ လာသတိပေးတာ သုံးလေးကြိမ်လောက် ရှိပြီလို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။

[caption id="attachment_29223" align="alignleft" width="300" caption="တရုတ်နိုင်ငံ ယူနန်ပြည်နယ်က မြန်မာဒုက္ခသည်စခန်းတခု (ဓာတ်ပုံ- ရိုက်တာ)"][/caption]

“ဒီ မြန်မာပြည်ဘက် နယ်စပ် တလျှောက်မှာ တိုက်ပွဲတွေမရှိဘူး။ ဒါကြောင့် ပြန်ကြပါဆိုပြီး လာ သတိပေးတဲ့ ပုံစံပါ။ တရုတ်တာဝန်ရှိသူတွေက အဲမှာ ၃၊ ၄ ကြိမ်သွားပြီးတော့ ပြောတဲ့ ပုံစံရှိတယ်လို့ သိရတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်းခေါ်ပြီးတော့ အသိပေးတဲ့ပုံစံပေါ့။”

တရုတ်နိုင်ငံထဲက ဒုက္ခသည်စခန်း ၆ ခုမှာ ကချင်စစ်ပြေးဒုက္ခသည် ၅ ထောင်ကျော်လောက် ခိုလှုံနေကြပြီး ဘာသာစကား အခက်အခဲနဲ့ စားသောက်နေထိုင်ရေး အခက်အခဲ ရှိတဲ့အတွက် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဘက်ကလည်း သူတို့တွေကို ပြန်ခေါ်ဖို့ စီစဉ်နေတယ်လို့ ဦးလနန်က ပြောပါတယ်။

“ဒီဘက်မှာ သူတို့နေထိုင်ဖို့အတွက် ပြင်ဆင်နေတာ အဆင်ပြေသွားရင် သူတို့တွေကို နားလည်အောင် ပြန်ပြောပြီး ပြန်ခေါ်ဖို့ စိတ်ကူးထားတယ်။”

ကေအိုင်အေနဲ့ မြန်မာအစိုးရတို့ကြား ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားရာကနေ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံနိုင်တာကြောင့် ၂၀၁၁ ခု ဇွန်လကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ တနှစ်ကျော် တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် ၆ သောင်းကျော်ရှိပြီး ဘေးလွတ်ရာမြို့ကြီးတွေနဲ့ ကေအိုင်အေ ထိန်းချုပ်ရာ ဒေသတွေကို ထွက်ပြေးခဲ့ကြသူတွေရှိသလို တချို့ကလည်း တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013