A d v e r t i s e m e n t With Us

မက္ကဆီကိုကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှု ၄ နှစ်ပြည့် ဆန္ဒပြ

မက္ကဆီကိုနိုင်ငံမှာ ကျောင်းသား ၄၃ ဦးပျောက်ဆုံးမှု လေးနှစ်ပြည့်တဲ့ ဧပြီလ ၂၅ ရက်နေ့က ပျောက်ဆုံး ကျောင်းသားတွေရဲ့ ဆွေမျိုးတွေနဲ့ သူတို့ကို ထောက်ခံသူတွေဟာ မြို့တော် မက္ကဆီကိုစီးတီးရှေ့က တရားရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားတွေ ပျောက်ဆုံးမှုမှာ အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်ပြီး တရားမျှတမှုရှိရေးအတွက် ပျောက်ဆုံးကျောင်းသားတွေရဲ့မိသားစုတွေနဲ့ ဆွေမျိုးတွေက တောင်းဆိုခဲ့ကြတာပါ။ မက္ကဆီကိုနိုင်ငံတောင်ပိုင်း အီဂွါလာမြို့က ဆရာအတတ်သင်ကျောင်းသားတွေဟာ မက္ကဆီကို စီးတီးမြို့က တာတယ်လက်ကိုအရပ်မှာ ကျောင်းသားနဲ့အရပ်သားတွေကို စစ်တပ်နဲ့ရဲက နှိမ်နင်းခဲ့တဲ့  ၄၆ နှစ်ပြည့် လူထုစုဝေးပွဲကို တက်ဖို့အသွား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှာ ရဲရဲ့ ဟန့်တားဖမ်းဆီးမှုကြုံခဲ့ရပါတယ်။ အဲဒီနောက် ရဲတွေဟာ ကျောင်းသားတွေကို လူဆိုးဂိုဏ်လက်ထဲ ထည့်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး ကျောင်းသားတွေ ပျောက်ဆုံးနေတာပါ။ လူဆိုးဂိုဏ်းဟာ ကျောင်းသားတွေကို လက်စဖျောက် သတ်ဖြတ်ခဲ့တယ်လို့ စုံစမ်းမှုတွေ ပြုလုပ်အပြီး အစိုးရက သတင်းထုတ်ပြန်ခဲ့ပေမယ့် ပညာရှင်တွေကတော့ ပယ်ချထားပါတယ်။   ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးမှု ဒါဇင်ချီလုပ်ထားပေမယ့် ကျောင်းသားတွေ ဘယ်လို ပျောက်ဆုံးသွားလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up