DVB Logo
Home
မြန်မာသတင်း
မြစ်ရေကြီးမှု အခြေအနေသတင်း
DVB
·
August 15, 2012
Donate to DVB

သံလွင်မြစ်ရေဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲသာသာ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း  မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုးဇလ) က ဒီနေ့မွန်းလွဲပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။

ရွှေကျင်မြစ်ရေဟာ ပဲခူးတိုင်း ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁.၂ ပေ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ် အထက်မှာပဲ ဆက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် (၄.၄) ပေခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း မြို့၏ စိုးရိမ်ရေမှတ် အထက်မှာပဲ ဆက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။

င၀န်မြစ်ရေဟာ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှာ ၁၄  ရက်နေ့က စိုးရိမ်ရေမှတ်အထက် ၂.၃ ပေခန့် ကျော်လွန်ခဲ့ပြီး နောက် ၂ ရက်အတွင်း  မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်တောင်းမြစ်ရေဟာ ပဲခူးတိုင်း တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် ၁.၁ ပေခန့် ကျော်လွန်ပြီး မြို့ရဲ့စိုးရိမ်ရေမှတ် အထက်မှာပဲ ဆက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ်အထက် ၀.၄ ပေခန့် ကျော်လွန်နေပြီး မြို့ရဲ့ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အများအားဖြင့် မုတ်သုံလေအားကောင်းနေတယ်လို့ မိုးဇလဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013