Home
မြန်မာသတင်း
ရန်ကုန်တိုင်းဥပဒေချုပ်နေရာအတွက် ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်ရန်တင်သွင်း  
အာကာ
·
September 26, 2018
လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာအတွက် ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဒီကနေ့  လွှတ်တော်ကို အမည်စာရင်း တင်ပြလိုက်ပါ တယ်။ စက်တင်ဘာ ၂၆ ရက်မနက်က ကျင်းပတဲ့  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တင်ခဲ့တာဖြစ်ပြီး တိုင်းလွှတ်တော် ဥက္ကဋ္ဌက “တိုင်းဒေသကြီးလွှတ်တော်ရဲ့ ခွင့်ပြုချက်ရယူရန် အတွက် ရန်ကုန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌထံသို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၅ ရက် ၉လ ၂၀၁၈ ရက် ရက်စွဲပါ စာအမှတ် ၃/၅ -၄/၅ စီမံနဲ့ ပေးပို့လာပါတယ်။ အဆိုပါ ပုဂ္ဂိုလ်ရဲ့ အမည်စာရင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နည်းဥပဒေ ၅၁နဲ့ အညီကြေညာမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဒေါ်ခင်မျိုးကြည်ရဲ့ ကိုယ်ရေးမှတ်တမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေထားပြီး သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ မကိုက်ညီကြောင်း ကန့်ကွက်လိုသူရှိပါက ခိုင်လုံတဲ့သက်သေပြပြီး တင်ပြကြဖို့လည်း လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ခေါ်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးဟာ လက်ရှိမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုရင်ဆိုင်နေရပြီး စက်တင်ဘာလ ၁၄ ရက်နေ့က တာဝန်က ရပ်စဲခံထားရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024