ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 25, 2018
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၄၉၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ် တက်လာပါတယ်။
မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ် ကို ၅၀၀၀၀ ကနေ ၅၈၀၀၀ ပေါက်ဈေရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၉၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၆၀၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ တစ်အိတ်ကို ၃၇၀၀၀ ကနေ ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
ကုလားပဲ v2
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၇၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၆၂၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၈၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၂၃၅၀၀၀ ကနေ ၂၆၀၀၀၀ ပေါက်ဈေးရှိပါတယ်။
အောင်လံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၄၄၀၀၀ ကနေ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေး နဲ့ အောင်လံ ကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀၀ ဈေးကွာခြားမှုရှိပါတယ်။
စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁၈၀၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၈၁၀ ကနေ ၁၈၃၀ ပေါက်ဈေးရှိပြီး မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၃၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်အဓိက ၀င်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁၀၅၀ ကနေ ၁၂၀၀ ရှိပြီး ၁ ပိဿာကို ၅၀ ကျပ်ဈေးတက်ာလပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၀၀၀ ကနေ ၁၂၀၀ ရှိပြီး ၁ ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူ နဲ့မြင်းခြံ ကုန်စည်ဒိုင် ၁ ပိဿာကို အနိမ့်ဆုံးဈေး ၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။