DVB Logo
Home
မြန်မာသတင်း
ဒု-သမ္မတအဖြစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ခန့်အပ်
DVB
·
August 15, 2012
ဒု-သမ္မတအဖြစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ခန့်အပ်
1 / 2
Donate to DVB

ကာလအတန်ကြာအောင် လစ်လပ်နေတဲ့ ဒုတိယသမ္မတနေရာအတွက် ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ခန့်အပ်ကြောင်း သြဂုတ်လ ၁၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ  နာယက ဦးခင်အောင်မြင့်က ကြေညာလိုက်ပါတယ်။

[caption id="attachment_29215" align="alignleft" width="300" caption="ကျပ်းသစ္စာကျိန်ဆိုနေစဉ်"][/caption]

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က အမည်စာရင်းတင်သွင်းထားတဲ့ ဒု-သမ္မတနေရာ အတွက် ဒုတိယသမ္မတ စိစစ်ရေးကော်မတီက အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော် က ကြေညာကာ ကျမ်းသစ္စာ ကျိန်ဆိုမှု ပြုလုပ်ခဲ့တာပါ။

ဒီကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့တာပါ။

ဒုတိယသမ္မတ ဖြစ်လာတဲ့ ဦးဥာဏ်ထွန်းဟာ  စစ်တက္ကသိုလ်အပတ်စဉ် ၁၆ ဆင်းဖြစ်ပြီး လက်ရှိမှာ အသက် ၅၉ နှစ် အရွယ်ရှိနေပြီဖြစ်ပါတယ်။ ဒုတိယသမ္မတ အဖြစ် တာဝန်ထမ်းဆောင်ရတော့မယ့် သူဟာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ရာထူးကနေ အနားယူပြီး သူ့နေရာအတွက် ကာကွယ်ရေးဦးစီးချုပ်က ဘယ်သူကို ခန့်အပ်ထားမလဲဆိုတာ မသိရသေးပါဘူး။

အရင် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေးအခြေအနေအရ ရာထူးကနေ နုတ်ထွက်တဲ့အကြောင်း ၂၀၁၂ ခု ဇူလိုင်လ ၁ ရက်နေ့စွဲနဲ့ ပြည်ထောင်စု လွှတ်တော်နာယကထံ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013