Home
မြန်မာသတင်း
အင်းသူကြီးများ၏ လေလံဥပဒေ မညီမျှမှုကို အရေးယူရန် လယ်သမားများ တောင်းဆို
နော်နိုရင်း
·
August 14, 2012
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်က အင်းတွေမှာ အင်းသူကြီးတွေဟာ အင်းစည်းကမ်းကို ဖောက်ဖျက်တဲ့အတွက် မြို့နယ်တွင်းက လယ်သမားတွေက ဒီနေ့ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနကို သွားရောက်တောင်းဆိုခဲ့ပါတယ်။ ဟင်္သာတမြို့နယ်က တံတားဦး၊ သုံးခွ၊ စခန်းကြီး၊ နိဗ္ဗာန် အစရှိတဲ့ ရွာတွေက တောင်သူလယ်သမားတွေဟာ အင်းထဲမှာ ငါးမထွက်အောင်ပိတ်ရာမှာ လယ်မြေတွေ ရေမြုပ်နေတဲ့အတွက် အင်းသူကြီးတွေကို  အရေးယူဆောင်ရွက်ပေးဖို့ ငါးလုပ်ငန်းဦးစီးဌာနကို တိုင်ကြားခဲ့ကြပေမယ့် အရေးမယူပေးတဲ့အတွက် အခုလို သွားရောက်တောင်းဆိုခဲ့ကြတာပါ။ ဟင်္သတမြို့ခံ ကိုကျော်စွာက “မြို့နယ်ခရိုင်အာဏာပိုင်အဆင့်အဖွဲ့အစည်း ပုဂ္ဂိုလ်တွေက ဒါကို အရေးယူ ဆောင်ရွက်ပေးပါမယ် ပြောတော့ ဆန္ဒပြတဲ့အထိတော့ မဖြစ်သွားဘူး။ ဒါပေမယ့် ငါးလုပ်ငန်းဦးစီးဌာနရှေ့ထိ တက်လာပြီးတော့ လူစုလူဝေးနဲ့ လုပ်တဲ့အချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူးကို တင်တယ်။ ရှင်းပေးမယ်ဆိုတော့ သူတို့ကတော့ စာတင်ခဲ့တယ်ပေါ့။ ရေနစ်တယ်ဆိုတာက အင်းကနေ ယင်းတားတာတို့၊ ကျားထောင်တာတို့၊ ဆည်ချတာတို့ ဒါတွေကို ဖယ်မပေးရင် ရေမကျနိုင်ဘူးပေါ့။ ဒါတွေကို သူတို့ အမြန်ဆုံးဖယ်ပေးပါမယ်လို့ ကတိပေးလိုက်တော့ ဆန္ဒပြတဲ့အဆင့်အထိ ရောက်မသွားဘူး” လို့ ပြောပါတယ်။ မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ ရက်ပိုင်းအတွင်း ရေကျအောင် မလုပ်ပေးရင် လယ်သမားတွေ မြို့ပေါ်ထပ်လာပြီး ဆန္ဒပြမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024