ထိုင်ဝမ်ကျွန်းတွင် တရုတ်ရိုးရာ ဆောင်းဦးရာသီ မီးပုံးပျံပွဲတော် ကျင်းပ

ထိုင်ဝမ်ကျွန်း ပင်ရှီးမြို့က ဒေသခံတွေနဲ့ နိုင်ငံခြားသား ဧည့်သည်တွေ တရုတ်ရိုးရာ ဆောင်းဦးရာသီ ပွဲတော်ကို ကျင်းပနေတာကို စက်တင်ဘာ ၂၄ရက်က တွေ့ရတာပါ။ တောင်ပေါ်ရွာလေးမှာ မီးပုံးပျံလွှတ်တာဟာ ကာလကြာရှည်တဲ့ သမိုင်းကြောင်း ရှိခဲ့တာပါ။ တောင်ပေါ်ရွာတွေ အချင်းချင်းကြား ဆက်သွယ်ရေးဆိုတဲ့ အဓိပ္ပာယ်နဲ့ မီးပုံးပျံတွေကို ပထမဆုံး သုံးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ လာမယ့်နှစ်အတွက် ဆုတောင်းစကား ပေးပို့ဖို့ မီးပုံးပျံ လွှတ်ခဲ့ကြပါတယ်။ ဒီနှစ်ဟာ မီးပုံးပျံပွဲတော် စတင် ကျင်းပတဲ့ နှစ် ၂ဝ မြောက် နှစ်ပတ်လည်ပါ။ အရင်က မီးပုံးပျံပွဲတော်ကြောင့် ပွဲကျင်းပရာ နေရာဝန်းကျင်က တောင်တွေပေါ်မှာ ပလတ်စတစ် အမှိုက်တွေ အများကြီး ကျန်ခဲ့လို့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အုပ်စုတွေက ဝေဖန်ခဲ့ကြပါတယ်။ ခုတော့ ပွဲစီစဉ်သူတွေက ရှင်းလင်းရေးနဲ့ အမှိုက်တွေကို တခြားနေရာမှာ ပြန်သုံးရေး လုပ်ဆောင်နေပြီလို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up