အမေရိကန်-ပြင်သစ် ကုန်သွယ်ရေးနှင့် လုံခြုံရေးကို အာရုံစိုက်ဆွေးနွေးမည်ဟု ထရမ့်ပြော

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ပြင်သစ်သမ္မတတို့ဟာ လာမယ့် ဆွေးနွေးပွဲတွေအတွင်း ကုန်သွယ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို အာရုံစိုက် ဆွေးနွေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။ “အကြမ်းဖက်ဝါဒဟာ ကျနော်တို့ အမြဲပြောနေတဲ့ ကိစ္စရပ်ကြီးတခုပဲ။ ဒါကြောင့် ဒီည ဒီမှာ ရောက်နေတာ” လို့ ထရမ့်က ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းနဲ့ အပြန်အလှန် အစည်းအဝေးအတွင်း ပြောပါတယ်။ သူတို့ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆက်စပ် ဆွေးနွေးပွဲတွေအတွင်း တွေ့ဆုံဆွေးနွေးနေတာပါ။ ပြင်သစ် သမ္မတမက်ခွန်းကလည်း “ဒီအစည်းအဝေးတွေဟာ ကျနော်တို့ရဲ့ ဘုံလုံခြုံရေး အတွက် ကြီးမြတ်တဲ့ အချိန်ကာလ ဖြစ်လိမ့်မယ်၊ အရှေ့အလယ်ပိုင်းက အခြေအနေ၊ ကာကွယ်ရေးနဲ့ အကြမ်းဖက်ဝါဒတွေနဲ့အတူ ကျနော်တို့ ပြင်ဆင်ချင်တဲ့ အတူလက်တွဲ အလုပ်လုပ်ချင်တဲ့ ကိစ္စတချို့လည်း ရှိနေတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ပြင်သစ်မြို့တော်ပါရီမှာ လာမယ့်နိုဝင်ဘာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထပ်ပြီးကြိုဆိုရမယ်ဆိုရင် အင်မတန်ဝမ်းသာမယ်လို့လည်း မက်ခွန်းက ပြောဆိုဖိတ်ကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up