Home
မြန်မာသတင်း
ကလေးမွေးဖွားပြီး မိခင်သေဆုံးမှု လှိုင်သာယာတွင် အများဆုံးဖြစ်
DVB
·
September 25, 2018
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းတွေအရ ကလေးမွေးဖွားပြီး မိခင်တွေရဲ့ သေဆုံးမှုနှုန်းဟာ လှိုင်သာယာမြို့နယ်မှာ အများဆုံးဖြစ်နေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အရှင်မွေး ကလေးဦးရေ ၁ သိန်းမှာ မိခင် ၂၂၈ ဦး ဟာ သေဆုံးနေရပါတယ်။ အခုလို မိခင်သေဆုံးမှုတွေထဲမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကိုရရှိပြီး ကိုယ်ဝန်ဖျက်ချက်မှုတွေကြောင့် သေဆုံးမှုဟာ ၃ ယောက်မှာ ၁ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိလာတဲ့အခါ ကိုယ်ဝန်ဖျက်ချတာ၊ ယောကျာ်းယူပြီး ကလေးကို မွေးဖွားတာ၊ တဦးတယောက်တည်း ကလေးမွေးဖွားတာ စတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ကြပေမယ့် ကိုယ်ဝန်ဖျက်ချက်တဲ့နည်းကိုတော့ အများဆုံး လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။ ကျန်းမာရေးဆိုင်ရာ အသိပညာနည်းပါးမှုတွေကြောင့် အခုလိုပြဿနာတွေ ကြုံတွေ့နေရတဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေကို အခြေခံ လူတန်းစားအလွှာအထိ ရောက်အောင် ပြုလုပ်ပေးဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်မြို့မှာ လူဦးရေ ထူထပ်များပြားတဲ့ မြို့နယ် တခုဖြစ်သလို စက်မှုဇုန်တွေရှိတဲ့အတွက် မြန်မာနိုင်ငံ နေရာဒေသအသီးသီးက ရွှေ့ပြောင်း လာရောက်နေထိုင်ကြတဲ့ အခြေခံလူတန်းစားတွေ အများဆုံး နေထိုင်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024