Home
မြန်မာသတင်း
ငဖဲမြို့နယ်​တွင် စစ်​ကျန်​ အ​မြောက်​ကျည်​ဆံ​ဟောင်း ၆ လုံးတွေ့ရှိ
DVB
·
September 25, 2018
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်​၊ စစ်​​တောရွာအနီး၊ ပန်းထိမ်းမင်းဆည်​မှာ စစ်​ကျန်​ အ​မြောက်​ကျည်​ဆံ​ဟောင်း ၆ လုံး စက်တင်ဘာလ ၂၃ ရက် မနက်က ထပ်​မံ​တွေ့ရှိခဲ့ပါတယ်။ ငဖဲမြို့နယ်​၊ ဘိုကုန်း​ကျေးရွာနေ ​တောင်​သူဦး​အေးက ပန်းထိမ်းမင်းဆည်​ထဲမှာ အ​မြောက်​ကျည်​ဆံ​ဟောင်း​တွေ​ တွေ့ရှိထားတယ်​လို့ ပန်းထိမ်းအုပ်​စု အုပ်​ချုပ်​​ရေးမှူးကို အကြောင်းကြားခဲ့တာပါ။ သံ​ချေးတက်​​နေတဲ့ 76MM အ​မြောက်​ကျည်​ဆံ​ဟောင်း ၅ လုံး၊ 105 MM အ​မြောက်​ဆံ​ဟောင်း ၁လုံးတို့ကို အမှတ်​-၃၇၅ အ​မြောက်​တပ်​ရင်းမှူးက ​ခေတ္တထိန်းသိန်းထားတယ်​လို့ ရဲအရာရှိတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီစက်တင်ဘာလ ၁၁ ရက်​​နေ့ကလည်း ပန်းထိမ်းမင်းဆည်​ထဲက စစ်​ကျန်​ အ​မြောက်​ကျည်​ဆံ​ဟောင်း ၁၂ လုံး​တွေ့ရှိခဲ့ပြီး အမှတ်​-၃၇၅ အ​မြောက်​တပ်​ရင်းမှူးက ​ခေတ္တာထိန်းသိမ်းထားခဲ့ပါတယ်။ မ​ကွေးတိုင်း​ဒေသကြီးအတွင်းမှာ စစ်​ကျန်​ ဗုံးသီး​ဟောင်း၊အ​မြောက်​ဆံ​ဟောင်း​တွေ မကြာခဏ ​တွေရှိ​နေတာပါ။ သတင်း/ဓာတ်ပုံ- မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024