A d v e r t i s e m e n t With Us

အစ္စရေး စစ်တပ်ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁ဦးသေဆုံး၊ ၂၀ ဒဏ်ရာရ

Palestinians hurl stones at Israeli troops during a protest calling for lifting the Israeli blockade on Gaza and demanding the right to return to their homeland, at the Israel-Gaza border fence, in the southern Gaza Strip September 21, 2018. REUTERS/Ibraheem Abu Mustafa
ဂါဇာကမ်းမြောင် နယ်စပ်တလျှောက်မှာ စက်တင်ဘာ ၂၃ ရက်က ဆန္ဒပြပွဲ တခုအတွင်း မီးပန်းတွေ မီးရှို့ထားတဲ့ တာယာတွေနဲ့ ပစ်ခတ်ခဲ့တဲ့ ဂါဇာကလူအုပ်ထဲကို  အစ္စရေး စစ်တပ်က ပစ်ခတ်လို့ လူတယောက် သေဆုံးတယ်လို့ ပါလက်စတိုင်းတွေက ပြောပါတယ်။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ ဆူပူသူတွေ နယ်စပ်တလျှောက် စုရုံးခဲ့ကြတယ်လို့ အစ္စရေး စစ်တပ် ပြောခွင့်ရက ပြောပါတယ်။ “အဓိကရုဏ်းကို နှိမ်နင်းဖို့ တုံ့ပြန်ခဲ့တယ်။ လုပ်ငန်းစဉ်စံချိန်နဲ့အညီ လုပ်ဆောင်ခဲ့တယ်”လို့လည်း အစ္စရေးစစ်တပ် ပြောခွင့်ရက ပြောပါတယ်။ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကတော့  ပါလက်စတိုင်းတယောက် အသေပစ်သတ်ခံရပြီး တခြားလူ အယောက် ၂၀ ဒဏ်ရာ ရတယ်လို့ ပြောပါတယ်။ သေဆုံးသူဟာ အစ္စရေး စစ်သားတွေကို မီးရှူးမီးပန်းတွေနဲ့ အာရုံလွှဲခဲ့တဲ့ အုပ်စုဝင်လို့ ဆေးဘက် အရာရှိတွေက ပြောပါတယ်။ ဂါဇာနယ်စပ် ဆန္ဒပြပွဲတွေ စခဲ့တဲ့ မတ်လ ၃၀ ကနေ ခုထိ ပါလက်စတိုင်း ၁၈၄ ယောက် သေဆုံးပြီး ထောင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရခဲ့ပါတယ်။ အစ္စရေး စစ်သားတယောက်ကိုလည်း ဂါဇာဘက်က  လက်ဖြောင့်တပ်သား တယောက်က ပစ်သတ်ခဲ့ပါတယ်။ ဟားမတ်စ်တွေဟာ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်အောင် တမင်သက်သက် လှုံ့ဆော်တယ်လို့ အစ္စရေးက စွပ်စွဲထားပြီး  ဟားမတ်စ်တွေကတော့ စွပ်စွဲချက်ကို ငြင်းဆို ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up