မြန်မာပိုင်နက်ထဲ တရုတ်ကလာရောက် မြေတူးသည့်ကိစ္စ မူဆယ်အာဏာပိုင်အဖွဲ့ကန့်ကွက်

မြန်မာနိုင်ငံပိုင်နက် နယ်နိမိတ်ထဲမှာ  တရုတ်နိုင်ငံဘက်ကနေ လာရောက် မြေတူးဖော်မှုကို မူဆယ်မြို့နယ် နယ်စပ်ဒေသအာဏာပိုင်အဖွဲ့က ကန့်ကွက်လွှာ ပေးပို့ဖြေရှင်းခဲ့တယ်လို့  ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်)မြို့၊ ဖိုင်ကောင်းကျေးရွာအုပ်စု၊ မန်ကျယ်ကျေးရွာရဲ့ မြောက်ဘက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှာ  စက်တင်ဘာ ၁၉ ရက် မနက်က တရုတ် နိုင်ငံဘက်ကနေ မြန်မာနယ်နိမိတ်အတွင်း ကွန်ကရစ်နံရံ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့အပေါ် မြန်မာနိုင်ငံက အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်ကွင်းဆင်းကြည့်ရှုပြီး  မူဆယ်မြို့နယ်စပ်ဒေသ အာဏာပိုင်အဖွဲ့က တရုတ်နိုင်ငံ ရွှေလီမြို့ ပြည်ပရေးရာဌာနသို့ ကန့်ကွက်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ကန့်ကွက်လွှာပြီးနောက် ညနေပိုင်းမှာ  တရုတ်နိုင်ငံဘက်က လာရောက်ဖယ်ရှား ရှင်းလင်းခဲ့ပေးခဲ့ပေမယ့် မြေတူးဖော်ထားတာဆက်ရှိနေလို့  စက်တင်ဘာ ၂၃ ရက်မနက်မှာ ဒေသခံတွေနဲ့ လယ်သမားတွေက သွားလာရေး အဆင်ပြေချောမွေ့စေဖို့ ပြန်လည်မြေဖို့ခဲ့ကြရတယ်လို့ အစိုးရ သတင်းမှာဖော်ပြပါတယ်။ ဓာတ်ပုံ-ကြေးမုံ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up