တောင်ကိုရီးယားနှင့် ဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ထွက်ပေါ်လာကြောင်း ကင်ဂျုံအန်း ပြော

တောင်ကိုးရီးယားသမ္မတ မွန်ဂျေးအင်နဲ့ တွေ့ဆုံဆွေးနွေးပွဲကနေ တန်ဖိုးရှိတဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတယ်လို့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက စက်တင်ဘာ၁၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ကင်ဂျုံအန်းက “သမ္မတမွန်နဲ့ ကျနော်ဟာ တောင်-မြောက်ကိုးရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့နဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်ခရီးဆီ အတူချီတက်ဖို့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။ အဲဒီနောက်ဆက်ပြီး “ပြည်သူလူထုဘက်ကကြည့်ရင် ဒီအချိန်ဟာ ကိုးရီးယားသမိုင်းမှာ အလှအပဆုံးအချိန်တခုပါဘဲ၊ သမ္မတမွန်အတွက် လက်ခုပ်သြဘာပေးကြပါစို့” လို့လည်း ခေါင်းဆောင် ကင်မ်ကဆိုပါတယ်။ တောင်ကိုးရီးယားသမ္မတ မွန်ဂျေးအင်ကလည်း “တောင်-မြောက်ကိုးရီးယားနှစ်နိုင်ငံဟာ အနုမြူလက်နက်၊ အဏုမြူခြိမ်းခြောက်မှုတွေမပါတဲ့ အနာဂါတ်သစ်တခုကို အတူတကွ တည်ဆောက်ကြပါမယ်” လို့ တုံ့ပြန်ပြောပါတယ်။ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ တောင်ကိုးရီးယားသမ္မတ မွန်ဂျေးအင်နဲ့ ဆွေးနွေးပွဲအောင်မြင်တဲ့ အထိမ်းအမှတ်ပွဲကို မြို့တော်ပြုံးယမ်းရှိ မေဒေးအားကစားရုံကြီးမှာ စက်တင်ဘာလ ၁၉ ရက်နေ့က တခမ်းတနားကျင်ပခဲ့ပြီး မြောက်ကိုးရီးယားပြည်သူတွေက သောင်းသောင်းဖြဖြ ချီးကျူးဂုဏ်ပြုခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up