နိုင်ငံတကာ Indoor Skydiving ပြိုင်ပွဲတွင် မြန်မာလူငယ်များ ဆုတံဆိပ် ၆ ခုရရှိ

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ပထမအကြိမ် Asiania Indoor Skydiving ချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာအသင်းက ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်သုံးခုနဲ့ ကြေးတံဆိပ် နှစ်ခု စုစုပေါင်း   ဆုတံဆိပ် ၆ ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်နဲ့  Indoor Skydiving (MEC) မှ အားကစားသမားတွေက မြန်မာပြည်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မနန်းဦးခင်နဲ့ မနွေးပြည့်စုံလင်းတို့အတွဲက 2 ways Senior Female Asiania ပြိုင်ပွဲမှာ ရွှေတံဆိပ်တစ်ခုနဲ့ 2 ways Senior Open ပြိုင်ပွဲမှာ ကြေးတံဆိပ်တစ်ခုရရှိခဲ့တာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မသဲနဒီအောင်နဲ့ မနှင်းသဇင်မောင်တို့အတွဲကလည်း 2 ways Junior Asiania ပြိုင်ပွဲနဲ့  2 ways Junior Open ပြိုင်ပွဲတွေမှာ ငွေတံဆိပ်ဆုနှစ်ခုနဲ့ အားကစားသမား လေးဦးစလုံးပါဝင်တဲ့ 2 ways Female Asiania ပြိုင်ပွဲနဲ့  4 ways Female Open ပြိုင်ပွဲမှာ ငွေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ်တစ်ခုတို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ချုံကင်းမြို့မှာ စက်တင်ဘာ ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ရာမှာ တရုတ်၊ ပြင်သစ်၊ စင်ကာပူ၊ လတ်ဗီးယား၊ ဟန်ဂေရီ၊ ယူအေအီး၊ ကာတာ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၉ သင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဓာတ်ပုံ-ကြေးမုံ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up