DVB Logo
Home
မြန်မာသတင်း
ထိုင်းလုပ်ငန်းရှင်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ စောင့်ဆိုင်း
DVB
·
August 14, 2012
ထိုင်းလုပ်ငန်းရှင်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ စောင့်ဆိုင်း
Donate to DVB

မြန်မာနိုင်ငံဟာ ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အ၀န်းအ၀ိုင်း ပေါ်ပေါက်လာတဲ့အခါ ထိုင်း ကုမ္ပဏီတွေအတွက် အဓိက ကုန်ထုတ်စခန်း တခုဖြစ်ဖို့ အလားအလာ တိုးမြှင့်နေတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် စီးပွားရေးကဏ္ဍမှာ ရေးသားထားပါတယ်။

ထိုင်းကုမ္ပဏီအမြောက်အမြားဟာ မြန်မာပါလီမန်ကနေ မကြာခင် ပြဋ္ဌာန်းမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို စောင့်ဆိုင်းနေကြတယ်လို့ ထိုင်း-မြန်မာစီးပွားရေးကောင်စီဥက္ကဋ္ဌ Santi Vilassakdanont က ပြောပါတယ်။

[caption id="attachment_29184" align="alignright" width="300" caption="ထိုင်း-မြန်မာစီးပွားရေးကောင်စီဥက္ကဋ္ဌ Mr.Santi Vilassakdanont "][/caption]

ထိုင်းနိုင်ငံက ကုန်ထုတ် လုပ်ငန်းတွေကို ပူးပေါင်းထားတဲ့ အကြီးဆုံး အုပ်စု Saha Gorup က ဒီနှစ်ထဲ မြန်မာပြည်မှာ ကုမ္ပဏီတွေ ထူထောင်ဖို့ စီစဉ်နေတယ်လို့ အဲဒီအုပ်စုရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ Santi က ပြောပါတယ်။

မြန်မာပြည်မှာ လုပ်ခ သက်သာတာကြောင့် ထိုင်းလုပ်ငန်းတွေအတွက် လာမယ့် ၃ နှစ်အတွင်း နောက်ထပ် ကုန်ထုတ်စခန်းတခု ဖြစ်လာမယ်လို့ ဆိုပါတယ်။

အခုလတ်တလောမှာ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်ခနည်းပါးမှုကြောင့် သန်းနဲ့ ချီတဲ့ မြန်မာပြည်သားတွေဟာ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ မလေးရှားစတဲ့ နိုင်ငံတွေဆီကို နယ်စပ်ဖြတ်ကျော်ပြီး အလုပ်လုပ်နေကြပါတယ်။

ရန်ကုန်ဧရိယာမှာ နေ့စားလုပ်အားခဟာ ထိုင်းဘတ်ငွေနဲ့တွက်ရင် ၈၀ လောက်သာရှိတဲ့အတွက် ထိုင်းနိုင်ငံက ခရိုင် ၇ ခုမှာ လက်ရှိ တရက် လုပ်ခ ဘတ် ၃၀၀ ပေးရတာနဲ့ဆို အပုံကြီး သက်သာနေပါတယ်။

ကနဦးပိုင်းမှာ အထည်ချုပ်၊ စားသောက်ကုန်နဲ့ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ စတင်မယ် လို့ Mr Santi က ပြောပါတယ်။ သူတို့အုပ်စုဟာ ဘတ်ငွေ သန်း ၂ ထောင်တန် စက်မှုဇုန် တခုကို လည်း ဖော်ဆောင်ဖို့ စီမံထားပြီး အချိန်တော့ယူဦးမယ်လို့ ဆိုပါတယ်။

သူတို့အုပ်စုက ဦးဆောင်တဲ့ အငယ်စားနဲ့ အလတ်စား ထိုင်းကုမ္ပဏီငယ် ၂၀ ကျော် ၃၀ ခန့်ဟာ မြန်မာပြည် ခရီးစဉ်ကို ၁ နှစ်ကို ၂ ကြိမ် သွားရောက်ပါတယ်။ လိုက်ပါတဲ့ ကုမ္ပဏီတွေထဲမှာ ကုန်သွယ်ရေး၊ အထည်ချုပ်လုပ်ငန်း၊ အစားအစာလုပ်ငန်းငယ်တွေ ပါဝင်ပြီး မြန်မာပြည်မှာ စက်ရုံမတည်ခင်မှာ လေ့လာကြတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားအပေါ် တစုံတရာ စိတ်ချနိုင်ကြပေမယ့် နိုင်ငံခြားဘဏ်တွေ က ဘဏ်ခွဲတွေ ဖွင့်လှစ်ဆောင်ရွက်နိုင်မှု အခြေအနေကို ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်နေကြတုန်းပဲလို့ အုပ်စုရဲ့ ဥက္ကဋ္ဌ Mr Santi က ပြောဆိုလိုက်ပြီး မြန်မာပြည်မှာ ထိုင်းဘဏ်တွေ လုပ်ငန်း လုပ်ကိုင်ရေး ဖိအားပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013