Home
ရုပျသံ
မြင့်မြတ်၊ ခင်လှိုင်၊ ရွှေသမီးတို့ရဲ့ ဓားငပြူးရုပ်ရှင်နမူနာ ကြည့်ရှုသူ ၆ သိန်းခွဲ ကျော်ရှိ(ရုပ်သံ)
DVB
·
September 24, 2018
40455117_1801533689958877_1369575610820591616_o
နာမည်ကြီး သရုပ်ဆောင်မင်းသား မြင့်မြတ်၊ ခင်လှိုင်နဲ့ ရွှေသမီးတို့ ခေါင်းဆောင်ပါ ၀င်ထားကြတဲ့ ဓားငပြူးအမည်ရတဲ့ ရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်စာ မျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သိန်းခွဲကျော်ရှိနေခဲ့ပါတယ်။ အချစ်၊ ဟာသဇာတ်မြူးရုပ်ရှင်ကြိုက် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဒီကားကိုတော့ Lavender ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     ဒီကားကတော့ ဓနုတ်ကိုကိုဇော်ရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ ကျော်သားကြီးက ပုံဖော်ရိုက်ကူးပေးထားတာပါ။     ဓားငပြူးဘွဲ့ရ မောင်ပြူးအဖြစ် သရုပ်ဆောင်မင်းသား မြင့်မြတ်၊ ရွာထဲက ကိုရီး ယားမင်းသားရူး ရူးနေတဲ့ ခင်လှိုင်၊ ပေါ်ပြူလာဖြစ်ချင်လို့ ဂျမ်းပုံကနေ ဂျမ်းရတီဖြစ်လာခဲ့ တဲ့ ရွာထဲက အလှဆုံးမိန်းကလေးနေရာမှာတော့ သရုပ်ဆောင် မင်းသမီး ရွှေသမီးတို့က ခေါင်းဆောင်ပါဝင်ထားကြတဲ့ ဒီရုပ်ရှင်ကားထဲမှာ ဘယ်လို ကမောက်ကမ၊ အလွဲအချော် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အချစ်၊ ဟာသပုံစံ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။     ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ စက်တင်ဘာလ ၂၃ ရက်နေ့က သမ္မတရုပ်ရှင်ရုံ မှာ ပြူလုပ်ခဲ့တာပါ။     မြင့်မြတ်ဟာ ခုတလောမှာ ဟာသရုပ်ရှင်ဇာတ်ကားတွေ ခပ်စိပ်စိပ်ထွက်နေပြီး ရွှေ သမီးကလည်း နောက်ပိုင်းမှာ ပရိသတ်အားပေးမှုတွေ ရရှိလာတဲ့ မင်းသမီးတယောက် ဖြစ်တာမို့ သူတို့ ၂ ယောက်ရဲ့ တွဲဖက်သရုပ်ဆောင်မှုတွေ ဘယ်လိုရှိမလဲဆိုတာကို တော့ ဒီကားထဲမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024