A d v e r t i s e m e n t With Us

မြိတ်မြို့ ကျွဲကူးတံတားတွင် အထောက်အထားမဲ့၂ ဦးကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျွဲကူးတံတားမှာ ရခိုင်ပြည်နယ်ကနေလာတဲ့ အထောက်ထားမဲ့ ၀င်ရောက်လာသူ မွတ်ဆလင် ၂ ဦးကို  စက်တင်ဘာ ၂၃ ရက်နေ့က ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ထားဝယ်မြို့ကနေ မြိတ်မြို့ရောက်ရှိလာတဲ့ အန်တီဝင်းခရီးသည်တင်ယာဉ်ကို ဒုရဲအုပ်ဇင်မိုးဦး ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နေ အဘူဆီဒိ (၄၀) နှစ်နဲ့ ဒုက္ကံချောင်းကျေးရွာနေ မာမက်နာဆေး (၁၄) နှစ်တို့ ကို ဖမ်းဆီးရမိခဲ့တာပါ။ လတ်တလော သူတို့ ၂ ဦးကို  ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယမြို့နယ်မှူး ဒုရဲမှူး သံမရောင်းက ပြောပါတယ်။   "ကားပေါ်မှာပါလာတဲ့ မွတ်ဆလင် ၄ ဦးကို မသင်္ကာလို့ စစ်ဆေးတော့ ၂ ဦးက ကော့သောင်းမြို့ကလို့ သိရတယ်။ အဲဒီလူ ၂ ဦးက ရန်ကုန်မြို့မှာသွားရောက်တောင်းရမ်းစား သောက်ပြီး ကော့သောင်းကိုပြန်ဖို့ ဘူတာကိုသွားရာမှာ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုရောက်နေတဲ့ အထောက်ထားမဲ့ မွတ်ဆလင် ၂ ဦးကိုတွေ့ပြီး ခေါ်လာတယ်လို့ သိရပါတယ်။ ရန်ကုန်ကနေ ထားဝယ်ကို ရထားနဲ့လာပြီး၊ ထားဝယ်ကနေ မြိတ်ကို အန်တီဝင်းကားနဲ့ လိုက်ပါလာတာဖြစ်တယ်" လို့ ပြောပါတယ်။ အထောက်ထားမဲ့ ၂ ဦးအား ခေါ်ယူလာသူ ဦးခင်မောင်(ခ)နိုဘီစလင်း(၅၂)နှစ်နဲ့  သီဟ(ခ)ဆိုမတ် (၁၁) နှစ်တို့ကိုလည်း စစ်ဆေးနေပြီး အထောက်အထားမရှိဘဲ လိုက်ပါလာသူ နှစ်ဦးကိုတော့ လ၀ကအက်ဥပဒေနဲ့  အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)

A d v e r t i s e m e n t With Us

More News
Up