အငြိမ်းစားယူမည့်အသက် တိုးမြှင့်မည့်အပေါ် မော်စကိုမြို့တွင် ဆန္ဒပြ

Demonstrators called by the Communist Party of the Russian Federation protest against pension reforms in central Moscow on September 22, 2018. (Photo by Vasily MAXIMOV / AFP) (Photo credit should read VASILY MAXIMOV/AFP/Getty Images)
ရုရှားနိုင်ငံမှာ အငြိမ်းစားယူနိုင်တဲ့အသက်ကို တိုးမြှင့်မယ့် အစိုးရအစီအစဉ်ကို ရုရှား ကွန်မြူနစ်ပါတီကို ထောက်ခံသူတွေနဲ့ ဒေသခံတွေက မော်စကိုမြို့မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အခုလို ပင်စင်ခံစားခွင့်အသက် တိုးမြှင့်မယ်လို့ အဆိုပြုထားပြီးကတည်းက ရုရှားသမ္မတ ပူတင်ကို လူထုထောက်ခံနှုန်းဟာ ၁ဝ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပေမယ့် ထောက်ခံမှုကတော့ ၇ဝ ရာခိုင်နှုန်းအထိ ရှိနေတုန်းလို့ လီဗာဒါစင်တာရဲ့ အမြင်သဘောထား စစ်တမ်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် အဆိုပြုထားတဲ့ ပင်စင်ယူနိုင်တဲ့အသက်ကို သမ္မတ ပူတင်က ပြန်လည်ပြင်ဆင် ထားပါတယ်။ အမျိုးသားတွေ ပင်စင်ယူနိုင်တဲ့အသက်ကို ၆၅ နှစ်လို့ အဆိုပြုထားရာကနေ ၆ဝ၊ အမျိုးသမီးတွေ ပင်စင်ယူနိုင်တဲ့ အသက်ကို ၆ဝ နှစ်လို့ အဆိုပြုထားရာကနေ ၅၅ နှစ်အဖြစ် ပြန်လည်ပြင်ဆင်လိုက်တာပါ။ ရုရှားနိုင်ငံမှာ အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၆၆ နှစ်ဖြစ်ပြီး အမျိုးသမီးတွေရဲ့ သက်တမ်းကတော့ ၇၇ နှစ်ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up