အမေရိကန်တွင် စံချိန်တင်မိုးရွာသွန်းမှုကြောင့် ရေကြီး၊ အမျိုးသားတဦး သေ

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မြောက်ပိုင်းမှာ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ မှာ  မိုးရေချိန် ၈ လက်မအထိ စံချိန်တင်ရွာသွန်းခဲ့တာကြောင့် ရေကြီးပြီး အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ ဒေသခံ မီဒီယာတွေကတော့ ညလုံးပေါက်မိုးကြောင့် လမ်းတွေရေလျှံခဲ့ပြီး လူတွေဟာ ရေကြီးနေတဲ့လမ်းတွေပေါ်က ကားတွေထဲမှာ ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့ အမျိုးသားဟာ အာလင်တန်မြို့က တက္ကဆက်တက္ကသိုလ် တံတားပေါ်မှာ ရောက်နေတုန်း ရေစီးနဲ့မြောပါသွားတာလို့ အမေရိကန် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ Dellas Morning သတင်းအရ ဒဲလက်စ်ဖော့ဒ်ဝါ့သ် အရပ်မှာ မိုးရေချိန်ဟာ ပုံမှန်ထက် ၄ ဆအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်မှာ မိုးဆက်ရွာနိုင်တယ်လို့ မိုးလေ၀သပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up