A d v e r t i s e m e n t With Us

ချောက်မြို့တွင် အမျိုးသမီး ၃၀၀ ကို သားအိမ်ခေါင်းကင်ဆာရှိမရှိ အခမဲ့စစ်ဆေးပေး

ချောက်မြို့နယ်မှာ အမျိုးသမီးတွေကို သားအိမ်​​ခေါင်းကင်​ဆာရောဂါ ရှိမရှိ  ကြိုတင်စမ်းသပ်စစ်ဆေးတာတွေ အခမဲ့ပြုလုပ်ပေးခဲ့ပြီး အမျိုးသမီး ၁၀ ရာခိုင်နှုန်းအထိ ရောဂါ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မ​ကွေး​ဆေးတက္ကသိုလ်​ သားဖွားမီးယပ်​ပညာဌာနနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ချောက်မြို့) တို့ ပူးပေါင်းပြီး မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်​မြို့နယ်​ အမှတ်​ ၁၀ ရပ်​ ​အေး​စေတီမြတ်​စွာ ဘုရား​ခြေ​တော်​ရင်းရှိ ​ရွှေပါရမီ ကျန်းမာ​ရေးအလှူ ​မေတ္တာဆေးခန်းမှာ မနေ့မနက်ပိုင်းက ပြုလုပ်ပေးနေတာပါ။ ​ချောက်​မြို့နယ်​အန်အယ်လ်ဒီ ဥက္ကဋ္ဌ၊ ​ရွှေပါရမီ ​ဆေးခန်း ​ဆရာဝန်​ ​ဒေါက်​တာ​မောင်​​မောင်​​ကျော်​က “ကျနော်တို့​တို့လည်း လူ ၃၀၀ မှာ ၃၀ နှုန်းဆို​တော့ ၁၀ ​ရာခိုင်​နှုန်း​လောက်​အထိ​ တွေ့တယ်​၊ ​တော်​​တော်​​လေး​တွေ့တဲ့နှုန်းများတယ်​။ ၅ ရာခိုင်​နှုန်းထားဦး ​တော်​​တော်​အကျိုးရှိတဲ့ သ​ဘောလို့​တော့ ရှိပါတယ်​။ တ​မြို့နယ်​လုံးဆိုရင်​ ​တော်​​တော်​များများ ရှိနိုင်​တဲ့သ​ဘော​ပေါ့။ တ​မြို့နယ်​လုံး အမျိုးသမီး သုံး​သောင်း​ဆိုရင်​ သုံး​ထောင်​၊ သုံး​ထောင် ​မဟုတ်​​တောင်​ (၁၅၀၀)က​တော့ အစစ်​အမှန်​ဖြစ်​နိုင်​တယ်​။ အဲဒီ​တော့ ၁၅၀၀ နဲ့ ၃၀၀၀ ကြား ​တွေ့ရှိမှုက အမျိုးသမီး​တွေအတွက်​​တော့ ​တော်​​တော်​ အကျိုးရှိလာပါမယ်​” လို့ ပြောပါတယ်။ စမ်းသပ်စစ်ဆေးမှုအား အသက်​ ၃၀ မှ ၅၀ ကြား အမျိုးသမီးတွေကို ​ကျေးလက်​အထိ လိုက်​လံနှိုး​စော်​​ခေါ်ယူပြီး မ​ကွေးတိုင်းမှ သားဖွားမီးယပ်​အထူးကု ၇ ​ဦး၊ အထူးကုသင်​တန်းတက်​​နေ​တဲ့ ဆရာဝန်​ ၂ ​ဦး၊ လက်​​ထောက်​ဆရာဝန်​ ၁ ဦး၊ သားဖွားမီးယပ်​ ဆရာဝန်​ ၃ ဦးတို့ လာ​ရောက်​ စမ်းသပ်​​ပေးခဲ့တာပါ။ ​ကုသ​ပေး​ရေးအဖွဲ့မှ မ​ကွေး​ဆေးတက္ကသိုလ်​ သားဖွားမီးယပ်​ပညာဌာန ပါ​မောက္ခဌာနမှူး ​ဒေါက်​တာခင်​​မေသင်းက အခုလာ​ရောက်​ကုသတာဟာ ကင်​ဆာ​ရောဂါကို ရှာ​ဖွေကုသ​နေတာ မဟုတ်​ဘဲ ကင်​ဆာ ကြိုအဆင့်ကို ရှာ​ဖွေ​နေတာလို့ ပြောပါတယ်။ “အခု​ချောက်​မြို့မှာ ကြိုအဆင့်​တွေ လာ​ရောက်​ရှာ​ဖွေပြီး ​တွေ့ရှိပြီဆိုရင်​လည်း တိုင်း​ဆေးရုံမှာ​ခေါ်ပြီး ကုသ​ပေးဖို့ အစီစဉ်​ရှိပါတယ်​။ အဲဒီမှာလည်း အခမဲ့ပါဘဲ ​ဆေးရုံတက်​စရာမလိုပါဘူး။ ပြင်​ပလူနာဌာနမှာပဲ ​နေ့လယ်လာ ​ရေခဲ​သေနတ်​နဲ့တို့ နာရီဝက်​​နေရင် ​ပြန်​လို့ရပါပြီ၊. နောက်​တ​နည်းက​တော့ ၂၊ ၃ ​လောက်​ဖြစ်​ရင်​ ဆရာမတို့က (လိ) လို့​ ခေါ်​တဲ့ ဝါယာလု​လေးနဲ့ လျှပ်​စစ်​မီးနဲ့ ရှို့ပြီးသားအိမ်​​ခေါင်းကို ဖြတ်​ထုတ်တဲ့ အဆင်​ရှိပါ​သေးတယ်​။ ဒီမှာ​တော့ အမျိုးသမီး​တွေ နားရှုပ်​မှာစိုးလို့ မရှင်းပြဘူး။ အဆင့် ၁ နဲ့ ၂ ဆိုရင်​ ​ရေခဲ​သေနတ်​​လေးနဲ့ တို့မယ်၊​ ၃ နဲ့ ၄ ဆိုရင်​ ဝါယာလု လေးနဲ့ ဖြတ်​ထုပ်​နည်းသုံးမယ်​။ ဆိုလိုတာ​က​တော့ အရင်​​ခေတ်​ကလို သားအိမ်​ကို ထုတ်​ပစ်​စရာမလို​တော့ဘူး​ပေါ့။ အများစုဟာလည်း အသက်​ ၄၀ ​အောက်​​တွေဖြစ်​​နေလို့ အမျိုးသမီး သားအိမ်​ ထုတ်​မယ်​ဆိုရင်​ ကျန်​မာ​ရေး ထိခိုက်​မှု​တွေရှိမယ်။ ဒါာ​ကြောင့်​ သားအိမ်​​ခေါင်းကို ​ရေခဲနဲ့တို့ခြင်း၊ လျှပ်​စစ်​မီးနဲ့ ဖြတ်​​တောက်​ခြင်း ဒါ​လေး​တွေ ​ဆောင်​ရွက်​​နေပါတယ်​” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဆေးစစ်မှုခံယူတဲ့ မနွယ်​မာဝင်းက ”ဆရာဝန်​​တွေ ညွှန်​ကြားသလိုထက်​ ကိုယ်​ကျန်းမာ​ရေးအသိနဲ့ စစ်​သင့်တယ်​လို့ ညီမက​တော့ထင်​တယ်​။ ဘာလို့လည်းဆိုရင်​ သားအိမ်​​ခေါင်း ကင်​ဆာနဲ့ ပတ်​သက်​ပြီး အမျိုးသမီး​တော်​​တော်​များများက မစစ်​​ဆေးဖြစ်​ဘူး​ပေါ့၊ မစစ်​​ဆေးဖြစ်​တာကလည်း မစစ်​ဖြစ်​တာကလည်း ရှက်​တာပါတယ်​။ ​နောက်​ ​စော​စောက ဆရာမ​ပြောသလို ​ရောဂါ​တော်​​တော်​ဆိုးဝါးမှ သိကြတာလည်းပါတယ်​။ ဆရာ​တွေ​ပြောသလို စစ်​သင့်တယ်၊​ အရမ်းဆိုးဆိုးဝါးဝါးဆိုမှ အချိန်​​နှောင်း​နေပြီ​ပေါ့။ ဒီသားအိမ်​​ခေါင်း ကင်​ဆာနဲ့ ပတ်​သက်​ပြီး စစ်​ပြီး ကြိုတင်​ကာကွယ်​​ဆေး ထိုးထားရင်​ အ​ကောင်းဆုံးပါပဲ” လို့ ​ပြောပါတယ်​။ သတင်း - ကိုလင်း (ချောက်)

A d v e r t i s e m e n t With Us

More News
Up