A d v e r t i s e m e n t With Us

ဆက်​သွယ်​​ရေးတာဝါတိုင်​​ပေါ်မှ တပ်​မ​တော်​သား ၁ ​ဦး ပြုတ်​ကျ​သေဆုံး

မ​ကွေး​တိုင်း​ဒေသကြီး ​ချောက်​မြို့၊ အမှတ်​ ၁၄ စစ်​ကွင်းရပ်​ ခ.လ.ရ (၁၃) တပ်​ဝန်းအတွင်း ရှိ ဆက်​သွယ်​​ရေးတာဝါတိုင်​​ပေါ်မှ တပ်​မ​တော်​သားတဦး ပြုတ်​ကျ ​သေဆုံးခဲ့တယ်လို့ ​ချောက်​မြို့မရဲစခန်းမှ သိရပါတယ်​။ စက်​တင်​ဘာ ၂၂ ရက်​ ည ၅ နာရီခွဲလောက်က အမှတ်​(၂) အဆင့်မြင့် ဆက်​သွယ်​မှု တပ်​ရင်း မုံရွာ​မြို့နယ်​မှ ဆိပ်​ဖြူမြို့နယ်​ကို တာဝန်​​ပေးအပ်​ခံရတဲ့ တပ်​ကြပ်​ညီညီဝင်း ဟာ ဆိပ်​ဖြူ -​ချောက်​ (Micro Link) မ​ကောင်းတဲ့အတွက် ၄၆ မီတာ အမြင့်ရှိ ဆက်​သွယ်​​ရေး တာဝါတိုင်​​ပေါ်တက်​ပြီး Outdoor Unit ​ကောင်းမ​ကောင်း စစ်​​ဆေးကာ ပြန်​အဆင်း အမြင့်(၄၀)မီတာလောက်မှ ပြုတ်​ကျသေဆုံးခဲ့တာပါ။ ဘယ်​​ခြေသလုံးကျိုး၊ ယာ​ပေါင်​ကျိုး၊ ဦး​ခေါင်း​ပေါက်​ပြဲ ဒဏ်​ရာတွေနဲ့ ​သေဆုံးသွား​ခဲ့ရပြီး ခ.လ.ရ (၁၃) မှ ဗိုလ်​ကြီး​အောင်​ပြည့်ဖြိုး သတင်း​ပေးချက်​အရ အခင်းဖြစ်​​နေရာကို သွား​ရောက်​ စစ်​​ဆေးခဲ့ရတယ်​လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်​။ အဆိုပါ ​သေဆုံးမှုကို ဓမ္မတာအတိုင်း​သေဆုံးခြင်း ဟုတ်​မဟုတ်​ ​သေမှု​သေခင်းအမှတ်​ (၅/၂၀၁၈) နဲ့ မှုဖွင့်ပြီး ​ချောက်​မြို့မစခန်းမှူးက အမှုလက်​ခံ စစ်​​ဆေးနေ​ရှိတယ်​လို့ သိရပါတယ်​။ ကိုလင်း(​ချောက်​)

A d v e r t i s e m e n t With Us

More News
Up