လယ်ဝေးမြို့နယ်တွင် လင်မယား ၂ ဦး ဓာတ်လိုက်သေဆုံး
DVB
·
September 22, 2018
နေပြည်တော် လယ်ဝေးမြို့နယ်မှာ ရဘိန်းကျေးရွာအနောက်မြောက်ဘက်မှာ လင်မယား ၂ ဦး ဓာတ်လိုက် သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က လယ်ဝေးမြို့နယ် ရဘိန်း ကျေးရွာ အနောက်မြောက်ဘက် အမြန်လမ်း မိုင်တိုင်(၁၉၂/၀) အနီး ရေပြာရှင်းလင်းဆောင် အဟောင်းမှာ အစောင့်အဖြစ် နေထိုင်တဲ့ အောင်နေဦး (၃၀) နှစ်နဲ့ ဇနီးဖြစ်သူ မခင်မျိုးသက် ၃၄ နှစ်တို့ ဓာတ်လိုက်သေဆုံးနေတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ရှင်းလင်းဆောင် အုတ်ရေကန် ရေတင်စက်ဘေးမှာ နှစ်ဦးလုံး သွပ်နန်းကြိုး ကိုင်လျက် ယာလက်ဖဝါး/လက်ဖျံ၊ ဝဲ/ယာခြေသလုံး၊ ယာပါးနဲ့ အောက်နှုတ်ခမ်းတို့မှာ မီးကျွမ်းစုတ်ပြဲ ဒဏ်ရာတွေနဲ့ ဓာတ်လိုက်သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပြီး လယ်ဝေးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၅/၂၀၁၈) နဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။