တရုတ်ထက် ဈေးပေါသော မြောက်ကိုရီးယားအလုပ်သမားများ
DVB
·
August 14, 2012

တရုတ်ပြည်မှာ အလုပ်သမားတွေ ဈေးပေါတဲ့ အကြောင်းကို လူတွေသိကြပါတယ်။ မြောက်ကိုရီးယားနဲ့ နယ်စပ်မြို့ဖြစ်တဲ့ ဒန်းဒေါင်း မြို့မှာတော့ တရုတ်ပြည်က တခြားမြို့တွေမှာထက် ဈေးပိုပေါဖို့ အကြောင်းတွေ ရှိပါတယ်။ မြောက်ကိုရီးယားဘက်အခြမ်းက အလုပ်သမားတွေ ဒန်းဒေါင်းမြို့ကို လာကြပါတယ်။ အလုပ်လုပ်လို့ရတဲ့ငွေက မများရတဲ့အထဲ ငွေလွဲနှုန်းစနစ်ကြောင့် သူတို့ချွေးနည်းစာတွေ မြောက် ကိုရီးယား အစိုးရလက်ထဲကိုပဲ ရောက်သွားပါတယ်။
အေရှားကောလင်းသတင်းထောက် လမ်းလီက နယ်စပ်မြို့ကို သွားပြီး စုံစမ်းထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။