A d v e r t i s e m e n t With Us

GAP စနစ်​ဖြင့် စိုက်​ပျိုးထုတ်​လုပ်​သည့် နှမ်းသီးနှံ​များကို ပြည်​ပတင်​ပို့နိုင်​ရန်​ ​ဆောင်​ရွက်

မ​ကွေးတိုင်း စိုက်​ပျိုး​ရေးဦးစီးဌာနနဲ့ NAP အစုအဖွဲ့တို့ပူး​ပေါင်းကာ GAP စနစ်​နဲ့ စိုက်​ပျိုးထုတ်​လုပ်​တဲ့ နှမ်းသီးနှံ​တွေကို ​ဈေးကွက်​ခိုင်​မာမှုရှိပြီး ပြည်​ပတင်​ပို့နိုင်​ဖို့ ​ဆောင်​ရွက်​​နေပါတယ်။ စိုက်​ပျိုး​ရေးဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးခင်​​မောင်​ဝင်းက “ပက်​မြန်​မာနဲ့တန်​တစ်​ရာ၊​ အောင်​ကျွန်းသာ ကုမ္ပဏီနဲ့ တန်​တစ်​ရာ ဝယ်​ယူဖို့ သ​ဘောတူ စာချုပ်​ချုပ်​ပြီး ဝယ်​ယူ​နေပါပြီ။ စိုက်​ပျိုး​ရေးဦးစီးဌာနနဲ့ အကျိုး​ဆောင်​ ကုမ္ပဏီတခု ပူ​ပေါင်းပြီး GAP နှမ်းတင်း ၁၅၀ဝ ဝယ်​ယူထားပါတယ်​။ ဝယ်​ယူထားတဲ့ နှမ်းနက်​​တွေကို စက်​တင်​ဘာ ၁၇ ရက်​​နေ့က မ​ကွေး မြို့​တော်​ခန်းမမှာ ​လေလံတင်​​ရောင်းချခဲ့ပါတယ်​။ ရွှေ​တော်​ဝင်​ ကုမ္ပဏီက တစ်​တင်းကို ၇၉၅၀၀ ကျပ်​နဲ့ ၈၈ တင်း ​လေလံ​အောင်​သွားတယ်​။ ပြည်​တွင်းမှာ အ​ရောင်းအဝယ်​ မဖြစ်​ရင်​လည်း အ​ထောက်​ထားကင်းလွှတ်​ခွင့်​ရယူပြီး အိတ်​စပို့ ကုမ္ပဏီတခုနဲ့ ချိတ်​ဆက်​ပြီး ဂျပန်​နိုင်​ငံကို တင်​ပို့ ​ရောင်းချမှာပါ” လို့ ပြောပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ် ​မှတ်​တမ်း​ ပြလိုက်​ရုံနဲ့ ​ဈေး ၂၀၀၀ ကျပ်​​လောက်​ပိုရရှိပြီး ဆီစက်​​တွေက ရွာ​တွေထိ ဆင်းဝယ်​​နေတဲ့အတွက်​ သယ်​ယူစရိတ်​၊ အလုပ်​သမားခ၊ ပွဲခ​တွေသက်​သာပြီး ၁ တင်းကို ​ ၄၀၀၀ ​ကျပ်​​လောက်​ အကျိုးခံစားရတယ်​လို့ ဆိုပါတယ်​။ GAP နှမ်းစိုက်​​တောင်​သူတ​ဦးဖြစ်​တဲ့ ကိုဝင်း​ဇော်​နိုင်​က “ဈေးကွက်​​ဖော်​​ဆောင်​ဖို့ စီမံကိန်းက ဆရာ​တွေက ချိတ်​ဆက်​​ပေးတာပါ။ ကိုရီးယားတင်​ပို့မယ့် ကုမ္ပဏီတခုနဲ့ နှမ်းဖြူ တန် ၅၀၀ စာချုပ်​ချုပ်​ထားတယ်​။ အဖွဲ့အင်​အား​ကောင်း​လေ ​တောင်​သူ​တွေအတွက်​ အကျိုးမြတ်​ရ​လေ ဖြစ်​တဲ့အတွက်​ အဖွဲ့ဝင်​များလာလိမ့်​မယ်​” လို့ ပြောပါတယ်​။ မကြီးကန်​ ​ကျေးရွာက ​တောင်​သူ ဦးညီစိုးက “ကျနော်တို့စိုက်​တဲ့နည်းနဲ့ GAP စနစ်​နဲ့မကွာ​ပေမယ့် မှတ်​တမ်းမရှိဘူး။ GAP နဲ့ပတ်​သက်​တဲ့ ပညာ​ပေ ​ဆွေး​နွေးပွဲ​တွေ မကြာခဏ တက်​​ရောက်​ပြီး စိတ်​ဝင်​စားမရှိပါတယ်​” လို့ ဆိုပါတယ်​။ GAP စိုက်​ပျိုး​ရေးနည်းစနစ်​ဟာ ​ကောင်းမွန်​တဲ့ နည်းစနစ်​နဲ့ စားသုံးသူ​ ဘေးကင်းလုံခြုံမှုရှိအောင်​ စိုက်​ပျိုးထုတ်​လုပ်​ကာ မှတ်​တမ်းမှတ်​ရာ ထားရှိတဲ့ စနစ်​ဖြစ်ပြီး မ​ကွေးတိုင်းမှာ ပဲ၊ နှမ်းကို အဓိကထား စိုက်​ပျိုးထုတ်​လုပ်​​နေပါတယ်​။ သတင်း-မင်းထီး

A d v e r t i s e m e n t With Us

More News
Up