ဒုက္ခသည် အကြပ်အတည်းအတွက် ပြင်သစ် အန်ဂျီအိုများ စိုးရိမ်နေ

ပြင်သစ်မြို့တော် ပါရီက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း NGOs တွေဟာ ဒုက္ခသည် အကြပ်အတည်းအတွက် စိုးရိမ်နေကြပါတယ်။ ပြင်သစ်မြောက်ပိုင်း ကဲလေမြို့က ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စခန်းတွေ မနှစ်က ပိတ်လိုက်အပြီးမှာ ဒုက္ခသည် အများအပြားဟာ ပါရီလိုမြို့ကြီးတွေဆီ ရွှေ့ပြောင်း လာခဲ့ကြတာပါ။ “လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက ရာနဲ့ချီတဲ့ လူတွေ ဒီကို ရောက်လာပြီး လမ်းတွေပေါ်မှာ နေကြတယ်။ ဒါဟာ လက်မခံနိုင် စရာပဲ” လို့ NGO France Terre d'Asile ညွှန်ချုပ်  ဟန်နရီက ပြောပါတယ်။ လတ်တလော သီတင်းပတ်တွေအတွင်း ပါရီရဲ့ အခြေအနေက ယိုယွင်း လာခဲ့ပေမယ့် အစိုးရဆီက တုံ့ပြန်မှု နည်းနည်းပဲ ရှိခဲ့တာပါ။ မတူတဲ့ အုပ်စုတွေကြား တင်းမာမှုတိုးလာအပြီး တချို့ NGO တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီမှု ရပ်တန့်ခဲ့ပါတယ်။ ဒုက္ခသည်တွေဟာ ခုတော့ စားနပ်ရိက္ခာနဲ့ ရေအတွက် လုပ်အားပေးတွေကို မှီခိုနေရပါတယ်။ မနှစ်က ပြင်သစ် အစိုးရဟာ ခိုလှုံခွင့်တောင်းခံသူတွေအတွက် အိမ်တွေတိုးပြီး စီစဉ်ပေးခဲ့ပေမယ့် ဒုက္ခသည် အများအပြားဟာ လမ်းပေါ်မှာ အိပ်နေရဆဲပါ။ ဥရောပရဲ့ ခိုလှုံခွင့် ဆိုင်ရာဘုံ မူဝါဒ မရှိသေးသမျှ ကာလပတ်လုံး ခုလို အခြေအနေတွေ ဆက်ရှိနေဦးမယ်လို့ ရိုတာ သတင်းဌာနက သုံးသပ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up