ပြင်သစ်တွင် ဗြိတိန်တော်ဝင်လေတပ် ရာပြည့် အထိမ်းအမှတ်အခမ်းနား ကျင်းပ

ပြင်သစ်နိုင်ငံမြောက်ပိုင်း ဆန်တိုမဲမြို့မှာ စက်တင်ဘာ ၂ဝ ရက်နေ့က ဗြိတိန် တော်ဝင်လေတပ် ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ဗြိတိန်နဲ့ ပြင်သစ် စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ် အောက်တိုဘာတုန်းက ဆန်တိုမဲ အရပ်မှာ ဗြိတိန်တော်ဝင်လေတပ် စတင် သန္ဓေတည် ပေါက်ဖွားခဲ့တာပါ။ အဲဒီ ကာလတုန်းက ဗြိတိန်လေတပ်ရဲ့ ပထမဆုံး တပ်ဖွဲ့တွေဟာ  ဒေသမှာရှိတဲ့ ဗျူဟာမြောက် ရန်သူ့တည်နေရာတွေကို ရှာဖွေဖို့ အဲဒီလေယာဉ်ကွင်းမှာ  ဆင်းသက်ခဲ့ပါတယ်။ မကြာခင် အဲဒီလေယာဉ်ကွင်းဟာ ပြင်သစ်နိုင်ငံအတွင်း ပြုလုပ်တဲ့ ဗြိတိန်စစ်ဆင်ရေးအတွက် အရေးပါဆုံး စစ်ဘက် အခြေစိုက်စခန်း ဖြစ်လာခဲ့ပါတယ်။ အဲဒီ လေယာဉ်ကွင်းကနေ ဗြိတိန်နဲ့ ဓနသဟာယနိုင်ငံတွေက စစ်သည် ၅,ဝဝဝ ကျော် နဲ့စစ်ဆင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ဒီသမိုင်းဝင် ဖြစ်ရပ်ဟာ ဗြိတိန်တော်ဝန်လေတပ်နဲ့ ပြင်သစ် ဆန်တိုမဲမြို့လေးရဲ့ နီးနီးကပ်ကပ် ဆက်နွှယ်မှုကို ဖန်တီးခဲ့ပြီး ဒီအတွက် အခုလို အထိမ်းအမှတ်အခမ်းအနား ပြုလုပ်တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up