Home
မြန်မာသတင်း
ပြည်နယ်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရခိုင်ပါတီ ဆွေးနွေး
အေးနိုင်
·
August 13, 2012
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်ရေးအတွက် သမ္မတရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ) က စစ်တွေမြို့မှာ ဒီနေ့ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဆွေးနွေးခဲ့ကြတယ်လို့ ပါတီအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။ “သမ္မတက တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးဆိုတဲ့ အချက်ကို လိုတယ်လေ။ ဒီကိစ္စကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါဆိုပြီး သမ္မတကြီးက ပြောတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပါတီအတွင်းမှာ သမ္မတကမ်းလှမ်းတဲ့အပေါ်မှာ ကျနော်တို့ ဘယ်လို ရပ်တည်ကြမလဲဆိုတဲ့ ကိစ္စကို အဓိကထားပြီး ဆွေးနွေးကြတယ်လေ။ ရခိုင်လူ့အဖွဲ့အစည်းကြားထဲမှာမှာ နိုင်ငံတကာ အန်ဂျီအိုတွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေကို တော်တော်လေး မကျေမနပ် ဖြစ်နေကြတယ်လေ။ ယူအန်ထွက်သွား၊ နိုင်ငံတကာ အန်ဂျီအိုတွေ ထွက်သွားဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ ပါတီက လုံးဝကို ပါဝင်ပတ်သက်မှု မရှိဘူး။ ဒီအန်ဂျီအိုတွေ ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတွေ အကျိုးရှိမယ့်ဟာတွေကို တကယ့်ကို သမာသမတ်ကျကျ လက်ခံသင့်တယ် ဆိုတဲ့အပိုင်းကို ကျနော်တို့ ဆွေးနွေးကြတယ်။” ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ပြည်ထောင်စုအစိုးရနဲ့ ဆက်လက်တွေ့ဆုံနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ ရခိုင်ခရီးစဉ် အပေါ် ရှင်းလင်းချက်အနက် ၃ ချက်ကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ဩဂုတ် ၁၂ ရက်မှာ သဘောထားထုတ်ပြန် ကန်ကွက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီကို ရိုဟင်ဂျာလို့ ပြောဆိုမှု၊ ဘဂါင်္လီတွေ ခွဲခြားဆက်ဆံခံရတယ်ဆိုတာ မှားယွင်းပြီး ဘူးသီးတောင် မောင်တောမှာ ပြောဆိုချက်နဲ့ ပြောင်းပြန်ဖြစ်နေပုံနဲ့ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ဆင်ဖို့ ပြောဆိုချက်တွေအပေါ် ကန့်ကွက်ခဲ့ပါတယ်။ ဒီလ ၈ ရက်နေ့က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အပါအ၀င် တပ်မတော်အကြီးတန်း အရာရှိတွေ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အေးချမ်းရေးအတွက် ဆွေးနွေးသလို အဲဒီနောက် သမ္မတဦးသိန်းစိန်က ပါတီခေါင်းဆောင်တွေကို အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024