A d v e r t i s e m e n t With Us

မြောက်ကိုရီးယားရောက် တောင်ကိုရီးယားသမ္မတ လှုပ်ရှားမှုရုပ်သံ ပြသ

A screen shows live footage of a joint signing ceremony between South Korean President Moon Jae-in and North Korean leader Kim Jong Un after their summit in Pyongyang, as people visit a photo exhibition for the inter-Korean summit in downtown Seoul on September 19, 2018. - North Korean leader Kim Jong Un said on September 19, he will make a historic visit to Seoul "in the near future" and the North agreed to shut one of its missile launching sites as the Kim and South Korea's president concluded a summit in Pyongyang. (Photo by Jung Yeon-je / AFP) (Photo credit should read JUNG YEON-JE/AFP/Getty Images)
မြောက်ကိုရီးယား မြို့တော် ပြုံယမ်းကို ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းရဲ့ ဒုတိယမြောက်နေ့လှုပ်ရှားမှု ရုပ်သံကို မြောက်ကိုရီးယား အစိုးရမီဒီယာ KRT က စက်တင်ဘာ ၂၁ ရက်မှာ ထုတ်လွှင့်ပြသပါတယ်။ တောင်ကိုရီးယား သမ္မတ မွန်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ စက်တင်ဘာ ၁၉ ရက်က လက်မှတ်ထိုးပြီး သဘောတူညီချက်တွေကို ကြေညာတဲ့ ရုပ်သံကိုလည်း ကေအာတီက ထုတ်လွှင့်ပါတယ်။ ဒါ့အပြင် မွန်းနဲ့ ကင်မ်တို့ နေ့လယ်စာနဲ့ညစာ အတူစားရင်း ပဒေသာကပွဲတွေကို ကြည့်ရှုပုံ ရုပ်သံကိုလည်း ထုတ်လွှင့် ပြသပါတယ်။ မြို့တော် ပြုံယမ်းက ကိုရီးယား ၂ နိုင်ငံ ထိပ်သီးညီလာခံရဲ့ ဒုတိယနေ့မှာ ကိုရီးယား ၂ နိုင်ငံက ခေါင်းဆောင်တွေဟာ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယား လက်နက်နဲ့ ခြိမ်းခြောက်မှု ကင်းစင်တဲ့ ငြိမ်းချမ်းရေး နယ်မြေအဖြစ် ပြောင်းဖို့သဘောတူခဲ့ကြပါတယ်။ “နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး ပိုမြန်မြန်ပြီးစီးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုတိယမြောက် ထိပ်သီးညီလာခံကျင်းပဖို့ ကင်က လိုလားနေတယ်။ ဒါပေမယ့် အဓိက ပန်းတိုင်က ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ပြီးဆုံးကြောင်း ကြေညာဖို့ပဲ” လို့ မွန်းက စက်တင်ဘာ ၂၀ မှာ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up