တောင်ငူကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် ရွေးချယ်

Mrs Summer International Taung Goo 2019 အိမ်ထောင်ရှင်အလှမယ်ဖြစ်တဲ့ မစွဲ့စုစုနိုင်ကို မြစ်ကြီးနားမြို့ အောင်နန်း ရပ်ကွက်မှာရှိတဲ့ ONE 11 စားသောက်ဆိုင်မှာ မနေ့က တောင်ငူကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ Mrs Summer International 2019 အိမ်ထောင်ရှင်အလှမယ်တွေကို မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၄ဝ မှာပြုလုပ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့အလိုက် အလှမယ်တွေအဖြစ်  မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကုတ်၊ မူ ဆယ်၊ နေပြည်တော်၊ ဖားကန့်မြို့တွေမှာ ရွေးချယ်ခဲ့ပြီးဖြစ်ကာ  ကျန်တဲ့မြို့ပေါင်း ၃ဝ ကျော်မှာ တော့ ၂ဝ၁၉ မတ်လထဲမှာ အပြီးသတ်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ၂ဝ၁၉ ဇွန်လမှာတော့ Mrs Summer International 2019 Winner ဆုရှင်ကို အမေရိကန်နိုင်ငံကို   မြန်မာနိုင်ငံကိုယ်စားပြု စေလွှတ်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up