Home
မြန်မာသတင်း
တမူးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးမှု အားနည်းနေ
DVB
·
September 21, 2018
တမူးမြို့ရှိ ဆိုင်ကယ်စီးနင်းသူတွေ အပါအဝင် ပြည်သူတွေ ယာဉ်​စည်းကမ်း​ လမ်းစည်းကမ်းနဲ့ ပက်​သက်​ပြီး အသိပညာနည်းနေကြတယ်လို့ တမူးမြို့နယ် ကညနမှ စစ်ဆေးရေးမှူး ဦးစိုးရွှေက ပြောပါတယ်။ “တမူမြို့ရှိ ဆိုင်ကယ်ကယ်စီနင်းသူတွေ တမူးခရိုင်​တမူးမြို့အတွင်း ယာဉ်​စည်းကမ်း လမ်းစည်းကမ်းနဲ့ ပက်​သက်​ပြီး အသိပညာနည်းနေကြတယ်။ ဆိုင်​ကယ်​ ဦးထုပ်​​ဆောင်​သူ မရှိသ​လောက်​ နည်း​နေတယ်။ ယာဉ်​စည်း​ကမ်းနဲ့ပတ်သက်​ပြီး အသိပညာတိုးတက်​​စေဖို့ ​ကျောင်းတွေမှာလည်း​ ဟော​ပြောပွဲတွေလုပ်​သွားဖို့ ရှိတယ်​” လို့ ပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၂ဝ ရက်​နေ့ မနက် ၉ နာရီ ခွဲကနေ​ ၁၁ နာရီခွဲအထိ တမူးမြို့ အာရှလမ်းမကြီးပေါ်ရှိ (မစက)ရုံးအရှေ့၊ နန်းမြင်ဟန်တံတားအနီးမှာ ဒေသခံပြည်သူတွေ အပါအဝင် ဆိုင်ကယ်စီးသူတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြီး ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြဖို့နဲ့ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်တွေ လျှောက်ထားဖြေဆိုရယူကြဖို့ အသိပေးစည်းရုံး ဟောပြောဆောင်ရွက်ခဲ့ပါတယ်။ တမူးမြို့နယ်နေ ဦးကိုကိုချစ်​က “ဆိုင်​ကယ်​ဦးထုပ်​မ​ဆောင်း​သူတွေကို ပထမ ​ပညာ​ပေးအ​နေနဲ့ မဖမ်းဘဲ ဆိုင်​ကယ်​ ဦးထုပ်​​ရောင်းပြီး ​နောက်​တခါ မဆောင်းမှ ဒဏ်​​ငွေ သက်​မှတ်​​ပေး​စေချင်​တယ်​” လို့ ပြောပါတယ်။ ဒါ့အပြင် ၉ လပိုင်းက​နေ ၁ဝ လပိုင်းအထိ ယာဉ်​စည်းကမ်းလမ်းစည်းကမ်း အသိပညာ​ပေးတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024