A d v e r t i s e m e n t With Us

ချဲလ်ဆီးတိုက်စစ်မှူး ပက်ဒရို၏ ပခုံးဒဏ်ရာ စိုးရိမ်စရာမရှိ

ဂရိကလပ် PAOK အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ပက်ဒရိုဟာ ပုခုံးဒဏ်ရာရရှိခဲ့ပေမယ့် ဆရာဝန်ဖြစ်သူရဲ့ ပြောကြားချက်အရ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ ပက်ဒရိုဟာ PAOK ဂိုးသမားဖြစ်သူနဲ့ ထိခိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။ ဒဏ်ရပြဿနာ အခြေအနေကို ချဲလ်ဆီးနည်းပြ ဆာရီက အသင်းရဲ့ ဆရာဝန်ဖြစ်သူနဲ့ စကားပြောကြားခဲ့ပြီးတော့ ဒဏ်ရာအခြေအနေက မဆိုးရွားကြောင်း၊ မကြာခင်မှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ တိုက်စစ်မှူး မိုရာတာဟာလည်း ခြေစွမ်းပျောက်ဆုံးခဲ့ပြီးတော့ အပိုင်အခွင့်အရေးတွေကိုလည်း ဖြုန်းတီးခဲ့ပါတယ်။ မိုရာတာနဲ့ ပတ်သတ်လို့ ဆာရီကတော့ သူ့ကို ယုံကြည်မှုရှိဖို့ မဖန်တီးပေးနိုင်ပေမယ့် ကူညီပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အခုပွဲရလဒ်ကြောင့် အုပ်စု L မှာ အနိုင် ၃ မှတ်ရရှိပြီးတော့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up