ချောက်​တွင်​ ​လေအားလျှပ်​စစ်​စီမံကိန်း ​ဆောင်​ရွက်​မည်

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်​မြို့နယ်​၊ ကြို့ပင်​​ကျေးရွာအုပ်​စု၊​ တောင်​တဲကြီးရွာနားမှာ ​လေအားလျှပ်​စစ်​စီမံကိန်းတခုကို Infra Capital Myanmar မြန်​မာ-ရီအိတ်​စ်​(ICMRC) ကုမ္ပဏီက  ​ဆောင်​ရွက်​သွားဖို့ ရှိနေပါတယ်​။ ဓာတ်​အား ၅၀ မဂ္ဂါဝပ်​ ထုပ်​လုပ်​​ပေးနိုင်မယ့် ​လေအားလျှပ်​စစ်​တာဘိုင်​ ၁၂ ခုနဲ့ ၁၉ ခုကြား တည်​​ဆောက်​မှာဖြစ်​ပြီး ၂၀၁၉ ခုနှစ်လောက်မှာ စတင်​အ​ကောင်​အထည်ဖော်ဖို့  ကြိုးစားသွားမယ်လို့ စီမံကိန်း​ဖော်​​ဆောင်​သူ ဦးတင်​မင်းလတ်​က ပြောပါတယ်​။ စီမံကိန်းအတွက်​ မြေ ၁၆၇၅ ဧကကို လေ့လာကွင်းဆင်းပြီး စီမံကိန်း​မြေ​နေရာနဲ့ ထိစပ်​ ​နေ​တဲ့ ကျေးရွာ ၈ ရွာက ​ဒေသခံပြည်​သူတွေထံက သ​ဘောထား​ကောက်​ခံတာ၊ ပတ်​ဝန်းကျင် ထိခိုက်​မှု စမ်းစစ်​တာတွေကို မင်းတုန်း၊ မင်းလှနဲ့  ချောက်​ နေရာ ၃ နေရာမှာ ​လေ့လာ ဆောင်​ရွက်​​နေတယ်​လို့ သိရပါတယ်​။ ဒီစီမံကိန်းကို InfraCoAsia ကုမ္ပဏီက မကွေးတိုင်းအစိုးရနဲ့ ပူးပေါင်းပြီး တိုင်းဒေသကြီးအတွင်း လေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ရေးအတွက် ဖြစ်နိုင်ခြေရှိ၊ မရှိ လေ့လာနိုင်ဖို့ ၂၀၁၇ ဧပြီ ၄ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်​။ သတင်းနှင့်ဓာတ်ပုံ - ကိုလင်း (ချောက်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up