A d v e r t i s e m e n t With Us

ဒုံးကျည်လက်နက်များ ပိုင်ဆိုင်ထားဟု ဟဇ်ဘိုလာခေါင်းဆောင်ပြော

ဆီးရီးယားကို ဖြတ်သန်းပြီး ပို့နေတဲ့ ထောက်ပံ့ရေး လမ်းကြောင်းကို အစ္စရေးက ဖြတ်တောက်ဖို့ ရည်မှန်းပြီး လေကြောင်းတိုက်ခိုက်နေပေမယ့် ဟဇ်ဘိုလာတွေဆီမှာ ဒုံးကျည်တွေ ရှိနေတယ်လို့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာခေါင်းဆောင် ဆေးယတ် ဟတ်ဆန် နတ်စ်ရာလာက စက်တင်ဘာ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။ “လမ်းကြောင်းကို ဖြတ်တောက်ဖို့ ခင်ဗျားတို့ ဘယ်လောက်လုပ်လုပ် အပိုပဲ၊ ဒုံးကျည်တွေ လက်နက်တွေ ပိုင်ဆိုထားတယ်” လို့ သူက ရုပ်သံမိန့်ခွန်းထဲမှာ ပြောပါတယ်။ “တကယ်လို့ အစ္စရေးက လက်ဘနွန်ကို စစ်ကြေညာမယ်ဆိုရင် အစ္စရေးဟာ ကံကြမ္မာကို ရင်ဆိုင်ရလိမ့်မယ်။ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ တကယ့်ဖြစ်ရပ်ကိုပေါ့” လို့ သူက ဆက်ပြောပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟဇ်ဘိုလာတွေဟာ ဆီးရီးယားရဲ့ ၇ နှစ်ကြာ ပြည်တွင်းစစ်အတွင်း သမ္မတ ဘတ်ရှား အယ်လ်အာဆတ်ကို ထောက်ခံရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာပါ။ အစ္စရေးကတော့ သူ့နယ်စပ်ရဲ့ အကြီးဆုံး ခြိမ်းခြောက်မှုအဖြစ် ဟဇ်ဘိုလာတွေကို ရှုမြင်ထားပါတယ်။ အီရန်ကနေ လက်နက်ပို့တာ ဟန့်တားဖို့ ဆီးရီးယားနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု ထပ်ခါတလဲ လုပ်ခဲ့တယ်လို့လည်း အစ္စရေးက ပြောပါတယ်။ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက သိမ်းပိုက်မှုကို ခုခံဖို့ ဟဇ်ဘိုလာတပ်ကို ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အီရန်တော်လှန်ရေး အစောင့်တပ်က ဖွဲ့စည်းပေးခဲ့တာပါ။ အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ဟာ လက်ဘနွန်မြေပေါ်မှာ ၂၀၀၆ ခုနှစ်က စစ်ပွဲ ဖြစ်ခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up