Home
မြန်မာသတင်း
၁၁၂ နှစ်သက်တမ်းရှိ ၀ါးတန်းမီးရထားကုန်ရုံကို ရှေးဟောင်းအဆောက်အဦအဖြစ် ထိန်းသိမ်းမည်
DVB
·
September 20, 2018
သက်တမ်း ၁၁၂ နှစ်ရှိ ရန်ကုန်မြို့၊ ဆိပ်ကမ်းမြို့နယ်က ဝါးတန်းမီးရထားကုန်ရုံကို ရှေးဟောင်းအဆောက်အဦအနေနဲ့ ကျပ်သန်း ၇၀ ကျော်အသုံးပြီး အကြီးစားပြုပြင်ထိန်းသိမ်း သွားမယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ရဲ့ ဆိပ်ကမ်းမြို့နယ် ဝါးတန်းလမ်းနဲ့ ယမုံနာလမ်းထောင့်က ဝါးတန်းမီးရထားကုန်ရုံကို အကြီးစား ပြုပြင်ပေးဖို့ အစီစဉ် ရှိမရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။ ရန်ကုန်တိုင်း လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ဝါးတန်း မီးရထားကုန်ရုံဟာ နှစ်ပေါင်း ၁၁၂ နှစ်ရှိနေပြီဖြစ်တဲ့အတွက် ရှေးဟောင်းအဆောက်အအုံ အနေနဲ့ အကြီးစားပြုပြင်ဖို့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ခန့်မှန်းကုန်ကျစရိတ် ကျပ်သန်း ၇၀ ကျော် တင်ပြတောင်းခံထားပြီး ခွင့်ပြုမိန့်ရရှိတဲ့အချိန်မှာ တိုင်းဒေသကြီးအစိုးရက ကြီးကြပ်ပြီး ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိန်းစောင့်ရှောက်ရေးအဖွဲ့နဲ့ ပြုပြင်ပေးသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဝါးတန်းမီးရထားကုန်ရုံကို လက်ရှိအချိန်ထိ ရန်ကုန်-မန္တလေး-မြစ်ကြီးနား ရထားကုန်စည် ပို့ ဆောင်ရေးအတွက် အသုံးပြုနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024