ကိုလံဘီယာတွင် ကိုကင်းအတွက် အဓိကကုန်ကြမ်း ကိုကာပင်စိုက်ပျိုးမှု စံချိန်သစ်တင်

703
ကိုကင်းအတွက် အဓိကကုန်ကြမ်းဖြစ်တဲ့ ကိုကာပင်စိုက်ပျိုးမှုဟာ ကိုလံဘီယာ နိုင်ငံအတွင်း မနှစ်က စံချိန်သစ်တင်ခဲ့တယ်လို့ ကုလသမဂ္ဂက စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
၂ဝ၁၇ နှစ်ကုန်ပိုင်းမှာ ကိုကာစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်းတိုးပြီး ဧက ၄ သိန်း ၂ သောင်း ၂ ထောင်ကျော်ခဲ့ပြီလို့ ကုလ မူးယစ်နဲ့ ရာဇဝတ်မှုရုံးက ပြောပါတယ်။
ဒါဟာ ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေ စတည်းက ခုထိ အကြီးဆုံး ပမာဏလို့လည်း ပြောပါတယ်။
ကိုလံဘီယာဟာ ကမ္ဘာ့ထိပ်တန်း ကိုကင်းထုတ်လုပ်သူအဖြစ် မှတ်တမ်းဝင်နေတာပါ။ အစိုးရဟာ မူးယစ်ကုန်ကူးမှု တိုက်ဖျက်ရေး ဗျူဟာသစ်ကို မကြာခင် အကောင်အထည် ဖော်မယ်လို့ သမ္မတက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကိုလံဘီယာနိုင်ငံမှာ မူးယစ်ကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အကြမ်းဖက်မှုတွေ ထူပြောနေတာ ဆယ်စုနှစ်ချီ ကြာနေပါပြီ။
သူပုန်အုပ်စုတွေ၊ လက်ယာယိမ်း ပြည်သူ့စစ်တွေနဲ့ လက်နက်ကိုင်ဂိုဏ်းတွေက ကိုကင်းတွေကို နိုင်ငံခြားကို တင်ပို့ရင်း အမေရိကန်ဒေါ်လာ ဘီလျံချီပြီး ဝင်ငွေရနေပါတယ်။