အမျိုးသမီးအဆိုတော်များစွာ သရုပ်ဆောင်ထားသည့် တင်ဇာမော်၏ ပုထုဇဉ်သီချင်း (ရုပ်သံ)
DVB
·
September 20, 2018
“ငါတို့ဟာ သားကောင်ပဲလို့… ဘာကြောင့်ယုံကြည်ထားလဲ… ပုထုဇဉ်… ပုထုဇဉ် အိပ်မက်ရင်း… ဆုတောင်း ကံကောင်းအောင် စိတ်နှစ်… မျှော်လင့်တဲ့ လမ်းစဉ်… ပုထုဇဉ် ပုထုဇဉ်… အိပ်မက်ရင်း”
ဒါကတော့ နာမည်ကြီး အမျိုးသမီးတေးသံရှင်တဦးဖြစ်တဲ့ တင်ဇာမော်ရဲ့ ပုထုဇဉ် အမည်ရတဲ့ သီချင်းထဲက စာသားတွေဖြစ်ပါတယ်။
ဒီသီချင်းဟာ သူ့ရဲ့ မွေးနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ 7 အမည်ရတဲ့ တေးအယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့ပြီး တေးရေး အောင်ကိုမြင့်က ရေးစပ်ပေးခဲ့တာပါ။
“ပျော်စရာကြုံရင်ပျော်ပစ်လိုက်… နင်ငိုချင်လာရင် ငိုလိုက်ဦး… အိုး… ခံစားချက်အ တိုင်းပဲ… ရင်ခုန်နေတာ ဘာအတွက်လဲ… အချိန်ဆိုတာကို ရင်ဆိုင်ဖို့… အိုး… မီးလျှံများ ထဲ”
အဓိပ္ပါယ်ရှိတဲ့ ဒဿနစာသားတွေနဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသ မီးအဆိုတော်တွေဖြစ်ကြတဲ့ မီမီဝင်းဖေ၊ ကော်နီ၊ ထွန်းအိန္ဒြာဗို၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ယုဇန၊ မေစံပယ်ညို၊ ရှင်ဖုန်း၊ ဂျင်းနီ၊ အေသင်ချိုဆွေ၊ နီနီခင်ဇော်၊ ခင်စုစုနိုင်၊ မီးနို၊ ပန်းရောင်ခြယ်၊ ပိုပိုဟေသာ၊ ဂျူဝယ်လ်၊ ကေကေမိုး၊ ဖူးဖူးသစ်၊ မေရီ၊ ငဲငယ်လေး၊ လမင်းခ၊ ပိုးမီ၊ မိုင်းမိုင်ဆိုင်း၊ ယွန်း၊ အေမီစံ၊ ပန်းသွန်းခြယ်စတဲ့ အဆိုတော်တွေ အများကြီး ပါဝင်သရုပ်ဆောင်ထားကြတာပါ။
“လာပြီးပြန်သွားရမှန်းမသိ… ဘာကြောင့်များ စိတ်အားငယ်…ပုထုဇဉ် ပုထုဇဉ်… လူဖြစ်ခြင်း နေ့တွေတိုင်းမှာ ကိုယ့်ဘဝ ကိုယ်တိုင်မွေး… ဒီကြောက်စိတ်လေးမှာ ဆင်ခြင် အတွေး လူ့ဖြစ်စဉ်… ထုံးစံအတိုင်း အိုး”
ဒီသီချင်းအမ်တီဗွီကိုတော့ ညရုပ်ရှင်ကားကြီးနဲ့ လူသိများလာခဲ့တဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပုံဖော်ရိုက်ကူးပေးထားတာဖြစ်ပြီး ပါဝင်သူတွေ အားလုံးဟာ အနီနဲ့ အနက်ရောင်ဖက်ရှင်တွေ ၀တ်ဆင်ထားပြီး ထူးထူးခြားခြား တင်ဆက်ပေးထားခဲ့တာကို တွေ့ရမှာပါ။
7 Concert ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေ ထားခဲ့တဲ့ ဒီသီချင်းရုပ်သံဟာ တရက်အတွင်း ၀င်ရောက်ကြည့်ရှုသူ ၁ သိန်းခွဲနီးပါးရှိနေခဲ့ ပြီ ဖြစ်ပါတယ်။