အာဂျင်တီးနားတွင် စွမ်းအင်ဈေးနှုန်း ချပေးရန် ဆန္ဒပြတောင်းဆို

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့မှာ စွမ်းအင်ဈေးနှုန်းချပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ စက်တင်ဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက အလုပ်လုပ်တဲ့အခါ စွမ်းအင်ကုန်ကျစရိတ်ေတွ များနေလို့ အစိုးရအနေနဲ့ စွမ်းအင်ကုန်ကျစရိတ်ကို လျော့ကျသွားအောင်လုပ်ပေးဖို့ တောင်းဆိုနေကြတာပါ။ အာဂျင်တီးနားသမ္မတ မာရူစီယို မာကရီရဲ့ အစိုးရဟာ နိုင်ငံသုံး ပီဆိုငွေ ကျဆင်းစေတဲ့ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရလို့ ဘဏ္ဍာရေးကို တင်းကျပ်နေတာပါ။ ဇွန်လတုန်းက အာဂျင်တီးနားဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံကနေ ဒေါ်လာဘီလျံ ၅ဝ အကူအညီ ရခဲ့ပါတယ်။ အဲဒီအကူအညီအရ အာဂျင်တီးနားဟာ ၂ဝ၁၉ ဘဏ္ဍာနှစ် အစောပိုင်းမှာ GDP ၁ ဒသမ ၃ ရာခိုင်နှုန်းအထိပဲ လိုငွေပြရမှာပါ။ ဒီနှုန်းဟာ ပီဆိုတန်ဖိုးငွေ ကျဆင်းနေတာကို ရပ်တန့်နိုင်ဖို့အထိ မလုံလောက်သေးတဲ့အတွက် သမ္မတအနေနဲ့ ဘဏ္ဍာရေးရည်မှန်းချက်နဲ့ ပတ်သက်ပြီး ရန်ပုံငွေအဖွဲ့နဲ့ ပြန်လည်ညှိနှိုင်းနေရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up