ပေ ၂၀၀ အမြင့်ရှိ ထူးခြားအံ့ဖွယ် မီးလျှံလေဆင်နှာမောင်းကြီး ဖြစ်ပေါ် (ရုပ်သံ)
Published By
DVB | 20 September, 2018
5.2K
0
Share
0
Comment
0
Likes
သာမန်လေဆင်နှာမောင်းနဲ့ မတူဘဲ ထူးခြားတဲ့ မီးလျှံလေဆင်နှာမောင်း ဖြစ်ပေါ်မှုဟာ တကယ့်ကို အံ့သြစရာပါပဲ။
ဒါဟာ လေတိုက်ခတ်မှုကတဆင့် ဖြစ်လာခဲ့တဲ့ တောမီးလောင်ကျွမ်းမှု ဖြစ်စဉ်တခု ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ကနေဒါနိုင်ငံ၊ ဘရစ်တစ်ရှ်ကိုလံဘီယာဒေသတွင်း၊ ဗန်ဒါဟော့ဖ်အရပ်မှာ ဖြစ်ခဲ့တာလို့ ဘီဘီစီသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တမြည့်မြည့် တောက်လောင်လာခဲ့တဲ့ လေဆင်နှာမောင်းအသွင် မီးတောက်မီးလျှံကြီးကို အံ့သြဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မီးသတ်သမားတွေဟာ ဒီမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြပြီး မီးလျှံလေဆင်နှာမောင်းတွေဟာ ပေ ၂၀၀ အမြင့်ထိ ရောက်ရှိနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။