Home
မြန်မာသတင်း
မိုးညှင်းမြို့တွင် ပိုက်ဆံချေးမရသဖြင့် ရွှေဆွဲကြိုးလုယက်မှုဖြစ်ပွား
DVB
·
September 19, 2018
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ပိုက်ဆံချေးငှားတာမရတဲ့အတွက် ရွှေဆွဲကြိုးလုယက်မှု ဖြစ်ခဲ့ပြီး လုယက်သူကို သက်သေခံပစ္စည်းနဲ့အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ စက်တင်ဘာ ၁၅ရက်ည ၈နာရီက မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာနေ ဒေါ်ဝင်းခိုင်ထံကနေ  တရပ်တည်းနေ ဦးအောင်ကျော်ဆွေက ဆွဲကြိုးလုခဲ့တာပါ။ နောင်စွန်းရပ်ကွက်မှာ ဒေါ်ဝင်းခိုင် အသုပ်စုံ ဝယ်နေစဉ် ဦးအောင်ကျော်ဆွေ ရောက်လာပြီး  ငွေ ကျပ် ၅၀,၀၀၀ ချေးငှားပေးဖို့ ပြောဆိုပါတယ်။ ဒေါ်ဝင်းခိုင်ကမရှိတဲ့အကြောင်းပြောဆိုခဲ့တဲ့အတွက် ဒေါ်ဝင်းခိုင်ဆွဲထားတဲ့ အလေးချိန် တစ်ကျပ်သားကျော်၊ ဆွဲသီးပါ၊ ကာလတန်ဘိုး(၁၁)သိန်းကျော်တန်ဆွဲကြိုးကို ဆွဲယူပြီး အသင့် ရပ်ထားတဲ့  ဆိုင်ကယ်နဲ့မောင်းနှင်ထွက်ပြေးခဲ့တာပါ။ နောက်တနာရီအကြာမှာ ဦးအောင်ကျော်ဆွေကို မိုးညှင်း အောင်သပြေ ရပ်ကွက်ဓာတ်အားခွဲရုံ အနီးမှာ သက်သေခံရွှေဆွဲကြိုးနဲ့ အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဆွဲကြိုးလုယူခံရတာနဲ့ ပတ်သက်ပြီး ဒေါ်ဝင်းခိုင်က စက်တင်ဘာ ၁၆ရက်မွန်းလွဲပိုင်းက မိုးညှင်းမြို့မရဲစခန်းမှာ သွားရောက် အမှုဖွင့်လှစ်ထားပါတယ်။ သတင်း-ခင်သန်းညွန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024