အိုင်အက်စ်ခြိမ်းခြောက်မှု တိုးလာ၍ အာဖဂန်တွင် အရပ်သားများကို လက်နက်တပ်ဆင်ပေး

ဓာတ်ပုံ - VOA
အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှု တိုးလာနေလို့ အာဖဂန်နစ္စတန် အစိုးရဟာ မြို့တော် ကဘူးလ်က ရှီးယိုက်မွတ်ဆလင် လူနည်းစုနဲ့ သူတို့ရပ်ကွက်တွေကို ကာကွယ်ဖို့ ပိုပြီး သတိထားနေရပါတယ်။ မြို့တွင်းက ရှီးယိုက်ဗလီတွေကို ကာကွယ်ဖို့ အစိုးရက ရာနဲ့ချီတဲ့ အရပ်သားတွေကို လက်နက်တပ်ဆင်ပေးခဲ့ရတာပါ။ တမန်တော် မိုဟာမက်ရဲ့မြေး သေဆုံးတဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို မွတ်ဆလင်တွေက ဒီသီတင်းပတ်အတွင်း ကျင်းပဖို့ရှိနေပါတယ်။ ၁၀ ရက်ကြာ ဝတ်ပြုပွဲအတွင်း ဗလီအလုံး ၁၀၀ ကျော်ကို ကာကွယ်ရေးအတွက် အစိုးရဟာ အရပ်သား လက်နက်ကိုင် အယောက် ၅၀၀ ကျော်ကို တာဝန်ချ အားကိုးနေရတယ်လို့ ဗွီအိုအေသတင်းဌာနက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up