Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကဗျာရွတ်ပွဲ ဦးဆောင်သူ ၃ ဦးကို ဒဏ်ငွေ ၂၀၀၀၀ (သို့) ထောင်ဒဏ် ၁၅ ရက်ချမှတ်
ရန်နိုင်ဇော်ဝင်း
·
September 19, 2018
33899656_1682558478459868_3127590993059119104_o
ရန်ကုန်၊ မဟာဗန္ဓုလပန်းခြံမှာ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲကျင်းပလို့ ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ တရားစွဲခံထားရတဲ့  ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်နဲ့ ရွှေကြယ်မိုး (ခ) ကိုရဲဝင့်အောင်တို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒဏ်ငွေ ၂၀၀၀၀ သို့မဟုတ် ထောင်ဒဏ် (၁၅) ရက် အမိန့်ချမှတ်လိုက်ပါတယ်။ ကိုခန့်မင်းထက်နဲ့ ရွှေကြယ်မိုး (ခ) ကိုရဲဝင့်အောင်တို့ကတော့ ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး ကိုဇေယျာလွင်တော့ သူ့အနေနဲ့ နိုင်ငံရေးရပ်တည်ချက်အရဆိုပြီး ဒဏ်ငွေမဆောင်ဘဲ ထောင်ဒဏ် (၁၅) ရက်ကို ရွေးချယ်ခဲ့ပါတယ်။ တရားစီရင်ရေးစနစ် ပျက်ယွင်းနေပြီဆိုတာကိုပြချင်လို့ ထောင် ၁၅ ရက်ကို ရွေးချယ်လိုက်တာဖြစ်တယ်လို့ ကိုဇေယျာလွင်က အမိန့်ချအပြီး တရားရုံး အပြင်ဘက်မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ “မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောလို့တရားစွဲဆိုပြီး ဒဏ်ငွေ နှစ်သောင်း ဆောင်ခိုင်း လိုက်တာဟာ ပျားရည်နဲ့ ဝမ်းချတာဖြစ်လို့ ထောင်ဒဏ်ကိုရွေးချယ်ခဲ့တာဖြစ်တယ်” ပြည်တွင်းငြိမ်းချမ်းရေးရရှိစေဖို့နဲ့ စစ်ပွဲတွေရပ်တန့်စေဖို့ ရည်ရွယ်ပြီး ကဗျာဆရာတွေ စုပေါင်းကာ မေလ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံထဲမှာ ကဗျာရွတ်ပွဲ ပြုလုပ်ခဲ့တာပါ။ ကဗျာဆရာတွေ စုပေါင်းပြီး ငြိမ်းချမ်းရေးနဲ့ စစ်ပွဲအကြောင်းကို ဖော်ကျူးတဲ့ ကဗျာတွေကို ရွတ်ဆိုခဲ့ကြတာကို ကျောက်တံတားရဲစခန်းမှူးနဲ့  အထွေထွေအုပ်ချုပ်ရေးတို့က ခွင့်ပြုချက် မတင်လို့ဆိုပြီး လာရောက်တားဆီးခဲ့တာဖြစ်ပြီး ဦးဆောင်သူတွေကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024