Home
မြန်မာသတင်း
အဆိုတော်ရွှေထိုက်အမှု တရားလိုရဲသက်သေရောက်မလာသဖြင့် မစစ်ဆေးနိုင်
DVB
·
September 19, 2018
အဆိုတော်ရွှေထိုက်ကို စွဲထားတဲ့ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး တရားလို သက်သေ ရဲကို ဒီကနေ့ စတင်စစ်ဆေးဖို့ ချိန်းဆိုထားပေမယ့် ရုံးချိန်းမလာနိုင်တာကြောင့် ပြန်လည်ချိန်း ဆိုလိုက်ပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက မူးယစ်ရောင်းဝယ်မှု မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀ (က)နဲ့ စက်တင်ဘာလ ၆ ရက်နေ့က ရွှေထိုက်နဲ့ ခင်ပွန်းတို့ကို  စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ အဆိုတော်ရွေထိုက်နဲ့ ခင်ပွန်းသက်ဆွေမင်းတို့ကို ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က ရန်ကင်းနေအိမ်မှာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၁၉၉၄ ပြား၊ ဘိန်းဖြူ လို့ယူဆရတဲ့အမှုန့် ၁၁ ဂရမ်၊ ဆေးခြောက်လို့ယူဆရတဲ့ အရိုးအရွက် ၁၂ ဂရမ် ICE ၇၇၀ ဂရမ်နဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါ။ ဒီအမှုကို လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ အရှေ့ပိုင်းရိုင်တရားရုံးက စတင်စစ်ဆေးသွားဖို့ ရုံးချိန်းထပ်မံချိန်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024